Korea Seoul !!!!!
' အူးဝါး .... အူးဝါး ....
အူးဝါး ....'
' ကိုကို !!!! မီးမီး ကို လာလုပ်ပေးအုံး။ အော် နေပြီ။ သူလည်း ဖင်စိုနေပြီထင်တယ်။ ဒီမှာ ကျနော် သားသား ကို အနှီးလဲ ပေးနေလို့။'
' အူးဝါး ... အူးဝါး ....'
ရှောင်းကျန့် သားသား ကို အနှီးလဲ ပေးနေရင်း အော် ခေါ်နေတာကို အိပ်ခန်းထဲက ဘာမှတုန့်ပြန်သံ မကြားရတဲ့ အပြင် သမီးကလည်း ဖင်စိုနေရင် ချက်ချင်းလဲပေးမှ။ မဟုတ်ရင် ခုလိုပဲ အော် ငို နေပါသည်။
' ကိုကို လို့ !!!.'
အထဲက တိတ်ဆိတ် နေတုန်း ....
' မီးမီး ခနေလေး ဒီမှာ တိတိ လေး ပြီးတော့မယ်နော်။'
ရှောင်းကျန့် သူ ထပ်အော်လည်း အထဲက ကိုကိုက ဘာသံမှ ထွက်မလာတော့တာကြောင့် သားသား ကိုပဲ အမြန်ပြီးအောင် လုပ်ပေးလိုက်ရတော့တယ်။
' ကဲ ... ကျင်းအာက လိမ္မာတယ်နော်။ အနှီးလည်း လဲပြီးပြီ။ ခနလေး စောင့် ။ ပြီးရင် ပါပါး နို့ဗူး ဖျော်ပေးမယ်။'
ရှင်းအာ ရဲ့ အနှီးကို လဲ ပေးဖို့ အိပ်ခန်းထဲမှာ အနှီး သွားယူတော့ ရေချိုးခန်းထဲမှာ ရေသံတွေ ကြားလိုက်ရသည်။
ကိုကိုက စောစောစီးစီး ရေချိုးပြီး ဘယ်သွားမလို့လဲ။
ရှောင်းကျန့် ရေချိုခန်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီး အပြင်ကို ပြန်ထွက်လာလိုက်သည်။
' လာ ... အနှီး လဲရအောင်။ မီးမီးက ကြီးလာရင် တကယ်ပဲ အဆိုတော် လုပ်မလို့လား။ ဟင် ....! မျက်ရည်လည်း မထွက်ပဲ အော် နေတာ။'
' အဟွတ် !!!.'
' အဟွတ် ... ဟွတ် !!!.'
' အားးးရှို့ !!!.'
ရိပေါ် သူ အိပ်ခန်းက ထွက်လာတော့ အနားတောင် မကပ်သွားရသေးဘူး မီးမီး၊ သားသား နဲ့ ချာတိတ်က အကုန်လုံး နှာတွေ ချေလာကြတယ်။
' ဆောရီး ... ရေမွှေးက နည်းနည်း ဆွတ်မလို့ပဲ။ လက်က အရမ်းဖိမိသွားတယ်။'
ရှောင်းကျန့် ခုန သူ ခေါ်နေကတည်းက ကိုကိုက မကြားလို့ ဘာမှမတုန့်ပြန်တာကို စိတ်က တိုနေပြီး ဖြစ်သည်။ အခု Air con ခန်းထဲမှာ ကလေးတွေလည်း ရှိနေသည့် အပြင် ရေမွှေးတွေ မွှန်ထူနေအောင် ဆွတ်ထားပြန်တဲ့ ကိုကို ကြောင့် မော့ပြီး စိုက်ကြည့်လိုက်ပြီး သမီး နဲ့ သား ကို တစ်ဖက် တစ်ချက်မှာ ပွေ့ပြီး အခန်းထဲက ထွက်လာပစ်လိုက်သည်။
YOU ARE READING
Beyond Pain ( Completed )