Ep - 27

2.1K 123 2
                                    

China Beijing !!!!!

' မား ... သက်သာနေပြီမလား။'

' အင်း မားက အသက်ကြီးပိုင်း ဖြစ်တာကြောင့် ခွဲစိတ်မှုက မှန်ပြောင်းသုံး ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာဆိုတော့ ခွဲပြီး ချိန်မှာလည်း နာကျင်မှု သိပ်မရှိခဲ့ပဲ ဆေးရုံ မှာ အကြာကြီး မနေခဲ့ရပေမယ့် ၃ ပတ်လောက်ထိတော့ သေချာအနားယူဖို့ ဆရာဝန်လည်း မှာခဲ့တာပဲလေ။'

' အခုလည်း နှစ်ပတ်ကျော်နေပါပြီ။ ပြန် လို့ ရပြီထင်တယ်။ လေယာဉ်ပဲ စီးမှာဆိုတော့ သက်တောင့် သက်သာပဲလေ။ ပြီးတော့ မားက အလေး အပင် မ တာတွေ အလုပ် ကြီးကြီး မားမား လုပ်တာမျိုးမှ မရှိခဲ့တာ။ ပြီးတော့ အူအတက်ခွဲပြီးလို့ ဖြစ်တတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေလည်း ဘာမှမဖြစ်ဘူးလေ။'

' နေပါအုံး မား သေချာ အရှင်းပျောက်ပြီဆိုမှ ပြန်တာ ပိုကောင်းပါတယ်။ တော်ကြာ အဲ့ရောက်မှ မား ကို ပြန်ပြီး စိတ်ပူနေကြရရင် မားလည်း ပြန်အားနာနေရမှာ။ ပြီးတော့ မား တို့ Company ကို မန်နေဂျာကို လွှဲထားရအုံးမယ်လေ။'

' မား က ပြန်လာမှာလား။'

' ပြန်လာမှာပေါ့။ မား အဲ့မှာ အပြီး မနေပါဘူး။'

' ကျနော်က မား ကို အပြီးနေစေချင်တာ။ မား ဒီမှာ ကျန်နေခဲ့ရင် ကျနော် လည်း စိတ်မချ ဖြစ်နေရမှာ။'

' အိမ်မှာ အလုပ်သမားတွေလည်း ရှိပါတယ်။ ပြီးတော့ Company က ဆက်မလုပ်ပဲ ချက်ချင်း ရပ်လိုက်ရင် မား တို့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်သွားမှာ။'

' မား အဲ့ဒါကို စိတ်ပူနေတယ်ဆိုရင် မပူနဲ့။ ကျနော် ရှယ်ယာ ခွဲဖို့ လူ ရှာလိုက်မယ်။ ပြီးရင် ကျနော် တို့က အကြီးဆုံး ရှယ်ယာလောက်ပဲ ဝင်ထားပြီး နှစ်စဉ် ဝင်ငွေ စောင့်ယူနေရုံပဲ။'

' အဲ့မှာ အပြီးနေဖို့က Xiao အိမ်မှာပဲဆို ကောင်းပါ့မလား။ သားက ဘာမှမဖြစ်ပေမယ့် မား ကျ ရေရှည်နေရင် အားနာစရာ ကောင်းတယ်။'

' ဘာမှမဖြစ်ဘူး။ ခြံအကျယ်ကြီး အိမ်အကြီးကြီး ထဲမှာ အရင်ကဆို ချာတိတ် နဲ့ ရှောင်မား ပဲ နေ နေတာ။ မား ထပ်နေလိုက်လို့လည်း ဘာမှဝန်မပိသွားဘူး။ လူများတော့ ချာတိတ်က ပိုတောင် သဘောကျအုံးမှာ။'

Beyond Pain  ( Completed )Where stories live. Discover now