Ep - 13

4.2K 248 15
                                    

" ရှန်းထဲန်" ဆေးရုံ ၏ ဆရာဝန် နားနေခန်း ထဲတွင် ...

' ဆရာ .... ကျမ ကလေးက ပြီးခဲ့တဲ့ ၃ လ ကိစ္စကို မမှတ်မိတော့ဘူး ဖြစ်နေတယ်။ အဲ့ဒါ ဘာများဖြစ်လို့လဲ။ ဒီထက်ဆိုးရွားတာများ ဖြစ်လာနိုင်သေးလား။'

' ဘာမှမဖြစ်ပါဘူး။ သူ့ကို ဆေးရုံကို ခေါ်လာကတည်းက ခေါင်းတွေ ဘာတွေ ထိထားမှာစိုးလို့ အကုန်လုံး စစ်ဆေးပြီးသားပါ။ အခု သတိရလာပြီး အရင်က ကိစ္စကို မမှတ်မိတာက သူ မမှတ်ထားချင်တဲ့ ဖြစ်ရပ်တွေကို မေ့လိုက်တာပါ။ မစိုးရိမ်ပါနဲ့ အရင်ကိစ္စနဲ့ ဆိုင်တဲ့ တိုက်ဆိုင်မှုတွေ အမှတ်တမဲ့တွေ ပြန်ဖြစ်ရင် ပြန်သတိရလာမှာပါ။ တကယ်လို့ သူ့ အတွက် အရေးမကြီးတာဆို သူ ဘယ်တော့မှ ပြန်မမှတ်မိတော့တာလဲ ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။'

ရိဖုန်းလည်း ဆရာဝန်ရဲ့ စကားကြားတာနဲ့ ပြီးခဲ့တဲ့ ၃ လ က ကိစ္စကို ရှောင်း ဘယ်တော့မှ ပြန်မမှတ်မိဖို့ပဲ ဆုတောင်းနေလိုက်တယ်။ သူ့ သူငယ်ချင်းအတွက် ၃ လ ဆိုတာ ဘဝ ပျက်ဖို့ လုံလောက်ခဲ့ပြီးပြီလေ။ အခုလည်း သူ့မှာ ကိုယ်ဝန် ရှိနေတာကို မသိသေးဘူး။

' ဒါဆို တစ်ခြားတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးမလား ဆရာ။'

' မရှိပါဘူး။ အခု ကျနော် ထပ်ပြီး လိုက်စစ်ဆေးပေးမယ်။ ပြီးရင် ဆေးရုံက ဆင်းချင် ဆင်းလို့ ရပါပြီ။ ဒါပေမယ့် သူက ဘယ်သူမှ မဖြစ်ဖူးသေးတဲ့ ယောကျာ်းလေး ကိုယ်ဝန်ဆောင် ဖြစ်တာကြောင့် သေချာတော့ ဂရုစိုက်ဖို့ လိုမယ်။ ဖြစ်နိုင်ရင် တစ်လ တစ်ခါလောက် ဆေးရုံ လာပြစေချင်တယ်။'

' ကျမ တို့က ကိုးရီးယားမှာ နေတာပါ။ ဖြစ်နိုင်ရင် သားကိုလည်း ကိုးရီးယားကို ပြန်ခေါ်သွားချင်တယ်။ အဲ့ဒါ ဆရာ ဆေးရုံ လွှဲပြောင်းတဲ့ စာ ရေးပေးလို့ ရမလား။ ကျမ သားရဲ့ ကိုယ်ဝန်ကိုလည်း ကိုးရီးယားမှာပဲ အပ်လိုက်ပါ့မယ်။'

' အဲ့လိုလား ... ရပါတယ်။ ကျနော် စာ ရေးပေးလိုက်ပါ့မယ်။ အစကတော့ ကျနော်က သူ့ကို ဒီဆေးရုံမှာပဲ တက်စေချင်ပြီး ကျနော်တို့ ဆေးရုံက တာဝန်ယူ ခွဲပေးလိုက်တာမျိုး ဖြစ်ချင်တာ။ ပထမဆုံး ယောကျာ်းလေး ကိုယ်ဝန်ဆောင် မို့လို့လေ။ ဒါပေမယ့် အစ်မကြီး ပြောတာလည်း ဟုတ်ပါတယ်။ ကိုးရီးယားမှာ မွေးတာလည်း ကောင်းပါတယ်။'

Beyond Pain  ( Completed )Where stories live. Discover now