Xiao ... အိမ်
' မောနင်း မား။'
' သားက အစောကြီး ထ နေကျလား။'
' ဟုတ်။ ညကျလည်း ကိုကိုက စောစော အိပ်ခိုင်းတော့ မနက်ဆို အစောကြီး နိုး နိုး နေတာ။'
ဝမ်မား ရှောင်းလေးရဲ့ နောက်ကို ကြည့်လိုက်တော့ ဝမ်ဝမ် မပါတာကြောင့် ...
' ဝမ်ဝမ်က မနိုးသေးဘူးလား။'
' ကိုကိုက မနေ့ည သား အိပ်တော့ ချက်ချင်း မအိပ်ပဲ ဒီဇိုင်းတွေ ဆွဲနေသေးတာ။ အဲ့ဒါကြောင့် အခုကျ မနိုးတော့ဘူး။'
' ဟုတ်ပါပြီ။ ဒါဆို လာ မား နဲ့ အောက်ဆင်းကြမယ်။'
' မားလည်း ခုမှ နိုး တာလား။'
' မဟုတ်ပါဘူး။ မား နဲ့ သားရဲ့ မားမားက အစောကြီးကတည်းက ထ ပြီးနေပြီ။ မားက အခု အပေါ်မှာ ဘုရား ဆွမ်းတော် လာတင်တာ။'
' ဪ ... ဟုတ်။ မားမားကလည်း ဘာလို့ မား ကို အစောကြီး ထ ခိုင်းရတာလဲ။ မားက မနေ့ကမှ ရောက်တာကို။'
ဝမ်မား ရှောင်းလေးကို တွဲပေးရင်း လှေခါးကနေ ဆင်းလာပြီး ...
' ရပါတယ်ကွယ်။ မား လည်း ပေကျင်းမှာတုန်းက ခုလို စောစော ထ တဲ့ အကျင့် ရှိပါတယ်။'
သူတို့ အောက် ရောက်လာတော့ ...
' ဟော ... ဘေဘီ ပါ နိုးနေပြီလား။'
' ဟုတ် မားမား။'
' ဒါဆို လာ ... မားမား တို့ ခြံထဲမှာ လမ်း ခန သွားလျှောက်ကြရအောင်။'
ရှောင်းကျန့် နဲ့ ဝမ််မား ရှောင်မား ရှေ့ကနေ ဦးဆောင်ပြီး အိမ်ထဲက ထွက်တော့ နှစ်ယောက်သား နောက်ကနေ လိုက်သွား လိုက်ကြသည်။
~~~~~~~~
' ဟင် !!!.
ချာတိတ်က ထ သွားပြီလား။'
ရိပေါ် နိုးလာလို့ ဘေးကို စမ်းလိုက်တော့ မနွေးတော့တဲ့ အိပ်ယာခင်းကိုပဲ စမ်းမိတာကြောင့် ချာတိတ် သူ့ကို မနှိုးပဲ ထ သွားပြီဆိုတာ သိလိုက်သည်။
သူ ပေကျင်းကို ၁ လ ကျော်ကျော်လောက် သွားလိုက်တာ ချာတိတ်က ည မအိပ်ခင် လုပ်တဲ့ အကျင့် ရော မနက် အိပ်ယာ ထ ရင် လုပ်ရမယ့် အကျင့်ရော အကုန်မေ့လိုက်ပြီပဲ။
YOU ARE READING
Beyond Pain ( Completed )