Switzerland ... Zermatt !!!
' ချာတိတ် တစ်ယောက်တည်း ဖြစ်လား။'
ရှောင်းကျန့် ski စီးဖို့ ဝတ်စုံတွေ အကုန် ပြင်ဆင်ထားပြီးမှ တစ်ယောက်တည်း ဘယ်လိုမှ စီးလို့ မဖြစ်တာကြောင့် ထိုင်ချ နေတုန်း ကိုကို က တစ်ပတ် ပတ်ပြီး လာမေးမှ မျက်နှာက ပိုပြီး စူပုပ်သွားရသည်။
' တော်ပြီ။ မစီးတော့ဘူး။ ဖင်ထိုင်ရက် ကျ ကျ နေတာ ရှက်လာပြီ။'
ရိပေါ် ချာတိတ် ကြည့်ပြီး ပြောတဲ့ နေရာကို ကြည့်လိုက်တော့ ဒီနိုင်ငံက ကလေးတွေ မို့လို့ပဲလား ဒါမှမဟုတ် သူတို့လို အလည်လာတဲ့ သူတွေပဲလား မသိ အသက် ၁၀ နှစ်အရွယ် ကလေးတွေတောင် အကူ မပါပဲ ကျွမ်းကျွမ်းကျင်ကျင် စီးနေတာတွေ ကြည့်ပြီး ပြုံးလိုက်ရင်း ထိုင်နေတဲ့ ချာတိတ် အနားမှာ သူပါ ထိုင်ချလိုက်သည်။
' ကိုယ် ပြောသားပဲ ကိုယ် ထိန်းပေးမယ် ဆိုတာကို။ ချာတိတ်က မလိုဘူးဆို။'
' ကိုကို ကလေးတွေကို ကြည့်နေတာ မဟုတ်ဘူးလား။ ဘယ်ရောက်နေကြပြီလဲ။'
' ဟိုမှာလေ ...'
ရှောင်းကျန့် ကိုကို ပြတဲ့ နေရာကို ကြည့်လိုက်တော့ သူတို့ရဲ့ မနီးမဝေးမှာ အကူတွေ နဲ့ စကီ စီးနေတဲ့ မီးမီး နဲ့ သားသား ကို တွေ့လိုက်ရသည်။
' ကိုကို သွားကြည့်လေ။ တော်ကြာ တစ်ခြား ကလေးတွေ လာတိုက်မိသွားအုံးမယ်။'
' အင်း အတူသွားကြမယ်။ လာ ... ကိုယ့်ကို တွဲလိုက်။'
ရှောင်းကျန့် သူ့ကို လက်ကမ်းပေးလာတဲ့ ကိုကို့ ရဲ့ လက်ကို ကိုင်ပြီး အားယူ ထ လိုက်သည်။
' ဖြေးဖြေး ... မကြောက်နဲ့ ကိုယ်တွဲထားတယ်။'
ရိပေါ် ချာတိတ် ကို ဘေးကနေ ကူပေးလိုက်မှ ချာတိတ်က အရမ်းထိန်းရခက်တာ သိလိုက်တယ်။ ခန္ဓာကိုယ်က တောင့်တောင့် ကြီး နဲ့ ဘယ်လို ဖြစ်လို့ အဲ့လောက်ကြောက်နေရတာလဲ။ လဲကျရင်တောင် နှင်းပေါ်မှာဆို နာမှာမှ မဟုတ်တာကို။
' ချာတိတ် ကိုယ်ကို အရမ်းတောင့် မထားနဲ့လေ။ လက်နှစ်ဖက်မှာ ကိုင်တဲ့ တုတ် နဲ့ ထောက်ပြီး ထိန်းသွားရမှာ။'
YOU ARE READING
Beyond Pain ( Completed )