Seoul Hospital !!!!
' သား ရိပေါ် ပစ္စည်းတွေ အကုန် ပြန်စစ်ပြီးပြီလား။'
' ကျနော် စဉ်းစားနေတာ အနှီးတွေ ဒီမှာ သုံးထားတဲ့ ပစ္စည်းတွေ ဘာမှ ပြန်မယူသွားတော့ဘူးလားလို့။ ဒီဆေးရုံမှာပဲ ပြန်လှူခဲ့လို့ ရတယ်မလား။'
' ဟုတ်တယ် မားမား။ သား နဲ့ ကိုကို ဒီမှာ သုံးထားတဲ့ ပစ္စည်းတွေ မီးမီး နဲ့ သားသား ကို ပြန်မသုံးပေးချင်လို့ ဘာမှပြန်မယူသွားတော့ပဲ ကုသိုလ်ရအောင် ရှင်းမင် ၊ကျင်းဟွေ့ နာမည် နဲ့ လှူခဲ့လိုက်မလို့။'
' အဲ့လိုလည်း ကောင်းတာပဲ။ အိမ်မှာလည်း မြေးလေး တို့ အတွက် သူတို့ နာမည်လေးတွေနဲ့ အမီ ထုတ်ထားတဲ့ ကလေး ဝတ် တွေ အနှီးတွေလည်း ရှိနေတာပဲ။'
' ဒါဆို ဘာမှမယူရင် ဒေါက်တာ ထပ်လာစစ်ဆေး ပြီးရင် ပြန်လို့ ရပြီမလား။'
ကလစ် !!!!
ဝမ်မား သူလည်း ယူပြန်မယ် ထင်ပြီး ပစ္စည်းတွေ သိမ်းနေရင်း ဆေးရုံမှာပဲ အကုန်လှူခဲ့မယ် ဆိုကာမှ သိမ်းလက်စ ကို ထားပြီး စကားပြောနေတုန်း တံခါးဖွင့်သံ ကြားလိုက်ရပြီး ရှောင်းလေး ကို ခွဲပေးတဲ့ ဒေါက်တာ ဝင်လာတာ မြင်လိုက်တာကြောင့် သူလည်း ရှောင်းလေး ကုတင်နား ရပ်နေတဲ့ ရိပေါ် နဲ့ ယွဲ့လင် ညီမ အနား ပြန်သွားရပ်လိုက်သည်။
လန်ဟွား သူ ဝင်လာတော့ ကလေး နှစ်ယောက်က ကောင်လေး ရဲ့ လက်ပေါ်မှာ တစ်ယောက် ဝမ်ရိပေါ်ရဲ့ လက်ပေါ်မှာ တစ်ယောက် ရှိနေပြီး နို့ဗူးတွေ သောက်နေကြတယ်။
လန်ဟွား သူ ဒီနေ့ ကောင်လေး ကို ဆေးရုံ ဆင်းလို့ ရပြီ ပြောထားပြီးသားကို အခန်းထဲမှာ ဘာမှ သိမ်းမထားတာ ကြည့်လိုက်ပြီး သူများ မပြောရသေးလားဆိုပြီး ပြန်ကြောင်သွားရတယ်။
လန်ဟွား သူ ဝင်လာတော့ ဒီဘက် ကုတင်မှာ ရပ်နေတဲ့ အန်တီ ရှောင်က နောက်တစ်ဖက်မှာ သွားရပ်ပြီး ဖယ်ပေးလိုက်တာကြောင့် သူလည်း လွှတ်နေတဲ့ ဘက်ကို သွားလိုက်ပြီး ...
' ဒီနေ့ ဆေးရုံက ဆင်းလို့ ရပြီနော်။ ဘာမှလည်း မသိမ်းထားပါလား။'
' ကျနော် တို့ ရဲ့ ပစ္စည်းတွေ ဒီဆေးရုံမှာပဲ ပြန်လှူခဲ့မလို့။ အဲ့ဒါကြောင့် ဘာမှမသိမ်းတော့တာ။'
YOU ARE READING
Beyond Pain ( Completed )