Ep - 6

4.1K 267 17
                                    

' ဒုန်း ....

အ !!!!.'

' ဟင် !!!! ဘယ်ရောက်နေတာလဲ ...'

ရှောင်းကျန့် ခါတိုင်းလို့ မနက် နှိုးလာရင် အိပ်ယာထက်မှာ ဟိုလှိမ့် ဒီလှိမ့် လုပ်တတ်တာကြောင့် အခုလည်း အဲ့လိုလှိမ့် လိုက်တာ နဖူးက တစ်ခုခု နဲ့ တိုက်မိပြီး လူကလည်း တစ်နေရာရာ ကို ပြုတ်ကျသွားရတယ်။

' နှိုးပြီလား !!!!!.'

' အား !!!!.'

ရှောင်းကျန့် သူ ဘယ်ရောက်နေလဲ စဉ်းစားနေတုန်း သူ့အနားမှာ မြင်လိုက်ရတဲ့ လူ နဲ့ ကြားလိုက်ရတဲ့ အသံကြောင့် လန့်ပြီး အော် မိသွားတယ်။

' ဟ !!! ဘာလို့ အဲ့လောက်တောင် အော် နေရတာလဲ။ နှိုးရင်လည်း ထ တော့ ... အိမ်ပြန်လိုက်ပို့ပေးမယ်။'

ရိပေါ် သူ့ မျက်နှာ အနီးကပ်ကို အော် လိုက်တဲ့ ချာတိတ်ကြောင့် နားတွေတောင် အူ သွားရသည်။ အသံက အဲ့လောက် အောင် တာလား .....

ရှောင်းကျန့် ရိပေါ် ကို မြင်လိုက်မှ မနေ့ည သူ ဒီမှာပဲ အိပ်လိုက်တာကို ပြန်သတိရသွားသည်။

' ကိုယ့်ဘာသာ ပြန်မယ်။ မနေ့ည ည မို့လို့၊ အခုက မနက်ရောက်ပြီ။ Taxi သမားက ပြန်ပေးဆွဲသွားလည်း လိုက်သွားလိုက်မယ်။ ခင်ဗျား လိုက်ပို့စရာ မလိုဘူး။'

ရိပေါ် ခုထိ သူ့ကို စကားကောင်း မပြောသေးတဲ့ ချာတိတ်ကို နောက်လှည့်ပြီး သေချာ ပြန်ကြည့်လိုက်တယ်။ ကြည့်ရတာ ကလေးက အလိုလိုက်ထားတော့ ဆိုးချင်နေပုံပဲ။

' အဲ့ဒီ ခင်ဗျား၊ ခင်ဗျား ချင်း ထပ်အောင် ပြောနေတဲ့ ပါးစပ်က ပါးစပ်ချင်း ပိတ်ပေးမှ အသိတရား ဝင်မှာလား။'

' ဒါဆိုလည်း ဆရာ ဝမ်ရိပေါ် က ကျနော့်လို ဘာမဟုတ်တဲ့ ကောင်လေးကို လိုက်ပို့ပေးစရာ မလိုပါဘူး။ ကျနော် ကိုယ့်ဘာသာပဲ ပြန်လို့ ရပါတယ်။'

' မင်း ကိုယ့်ကို စိတ်ကောက်နေတာလား။'

' ဘာကိစ္စကို ကောက်ရမှာလဲ။ မိန်းမပဲ ယူမယ့် သူ ကြီးရဲ့။'

' ဟက် !!!! မင်းက ဘာလို့ အဲ့ဒါကို sensitive ဖြစ်နေတာလဲ။ ဘဝ တိုတိုလေးမှာ ပျော်ပျော်ပဲ နေစမ်းပါ။ ပြီးတော့ ကိုယ် မိန်းမ ယူဖို့က နှစ်နှစ်လောက်တောင် ကြာချင် ကြာနိုင်သေးတယ်။ အဲ့ဒီ နှစ်နှစ်မှာ ကိုယ်တို့ ပျော်ပျော်ပဲ နေကြတာ မကောင်းဘူးလား။'

Beyond Pain  ( Completed )Where stories live. Discover now