China ....
Beijing Hospital !!!!!
' မစ် ဝမ် .... ဘယ်လိုနေလဲ။ အခု နေရတာ သက်သာပြီလား။'
' ဗိုက်ကတော့ လှုပ်ရင် နာနေသေးတယ် ဆရာ။'
' အဲ့ဒါ ခွဲစိတ်ပြီးလို့ ပြန်ချုပ်ထားတဲ့ နေရာက နာတာပါ။ အူအတက်က ခွဲပြီးပြီဆိုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။'
' ဟုတ်ကဲ့။ ကျမ အစား စားလို့ ရပြီလား။'
' ဒီနေ့မှ ခွဲစိတ်ပြီးတာ ဆိုတော့ အစာပျော့ပျော့ပဲ အရင်စားလိုက်ပါ။ အချဉ်တွေ မစားသေးနဲ့အုံး။'
' ဟုတ်ကဲ့။ ဖက်ထုပ်ပြုတ်တို့ ခေါက်ဆွဲပြုတ်တို့ဆို ရတယ်မလား။'
' မစားသေးနဲ့အုံး။ စားချင်ရင် ဆန်ပြုတ်ပဲ ရမယ်။'
' ဟုတ်ကဲ့ ဆရာ။'
~~~~~~~~~~
' ဆရာမ ... ခုန အခန်းထဲက လူနာက ဆေးတွေ လျော့လိုက်လို့ ရပြီနော်။ အားဆေးလောက်ပဲ သွင်းထားလိုက်ပါ။ ပြီးတော့ အနာကျက်ဆေးပါ ထိုးပေးထားလိုက်။'
' ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ ဆရာ မစ်ဝမ်က ဆေးရုံဆင်းဖို့ ရက် မေးလာရင် ရက်က ဘယ်နေ့ချိန်းပေးရမလဲ။'
' ဒီပုံတိုင်းဆို နောက် တစ်ရက် နှစ်ရက်နေရင် ဆင်းလို့ ရပြီ။ ရက်က မေးလာရင် ဆရာ ထပ်စစ်ဆေးပြီးမှ ဆင်းဖို့ ရက် ပြောပေးမယ်လို့ ပြောထားလိုက်ပါ။'
' ဟုတ်ကဲ့။'
' ရိဖုန်း !!!! မစ်ဝမ် ဆိုတာ ဝမ်ရိပေါ်ရဲ့ အမေများ ဖြစ်နေမလား။'
ကျင်းပေါင် ဒီနေ့ သူ့ ဆေးရုံ ရက်ချိန်းမို့လို့ ရိဖုန်း နဲ့ အတူလာခဲ့တာ။ သူတို့ နှစ်ယောက် OG ဆရာမ အခန်းဘက် သွားနေစဉ် အခန်းတစ်ခန်းထဲက ထွက်လာတဲ့ ဆရာဝန် နဲ့ ဆရာမ ပြောတာတွေ ကြားလိုက်တာကြောင့် ရိဖုန်းကို အသိပေးလိုက်သည်။
' မသိဘူးလေ။ သူ့ အမေ ဆေးရုံ တက်နေရင် ဝမ်ရိပေါ် သိရမှာပေါ့။ ဒါပေမယ့် ရှောင်း ဆီကလည်း ဘာမှပြောသံ မကြားဘူးမလား။'
' အင်း ဘာမှတော့ မပြောဘူး။ သူတို့ မသိသေးတာ ထင်တယ်။'
' ဝမ်ရိပေါ်လား မသိမှာ။ သူ့အမေနဲ့ အစေးမကပ်ပေမယ့် သူ့လူတွေတော့ လွှတ်ထားမှာပါ။'
YOU ARE READING
Beyond Pain ( Completed )