Ep - 22

2.8K 155 9
                                    

Xiao အိမ်တွင် ...

ရိပေါ် ဒီနေ့ မား က အလုပ်မသွားတာကြောင့် သူ တစ်ယောက်တည်းပဲ ရုံးသွားခဲ့ရတယ်။

အခု အိမ်ပြန်လာတော့ သူ့ရဲ့ အမောပြေလေးက အိမ်တောင် ပြန်မရောက်သေးပါဘူး။ ကလေး ကစားကွင်းတော့ ရောက်မနေလောက်ပါဘူး မလား။

ရိပေါ် အိမ်ထဲဝင်လာတော့ တစ်ယောက်တည်း TV ကြည့်နေတဲ့ ဝန်ကြီးချုပ်သား ကို တွေ့လိုက်ရတယ်။

' မင်း ... ပြန်ရောက်နေပြီလား။ ချာတိတ် တို့ရော ...'

' တစ်နေရာ သွားစရာ ရှိလို့ဆိုပြီး ကျနော့်ကို အိမ်မှာ လာပို့လိုက်ကြတာပဲ။ ဘယ်သွားကြတာလဲ မသိဘူး။'

' မင်းက ဘာလို့ လိုက်မသွားတာလဲ။ တော်ကြာ ချာတိတ် ကားမောင်းနေရမှာ။'

' စိတ်မပူနဲ့ ကျနော့်ကောင်လေးလည်း ကိုးရီးယားမှာ ၄ နှစ်လောက် ကျောင်း လာတက်ဖူးပါတယ်။ အခုလည်း သူပဲ မောင်းနေရမှာ။'

' အေးလေ။ အဲ့ဒါဆိုလည်း မင်း အတင်း လိုက် လိုက်ပါလား။'

' ရှောင်မား ကပါ အိမ်ပြန်လိုက်လို့ ပြောတာလေ။ ကျနော်က ဘာထပ်ပြောရမှာလဲ။'

* အခုကျ အသုံးကို မကျဘူး။ မဟုတ်တဲ့နေရာကျ ရှေ့ဆုံးက ...*

ရိပေါ် ရိဖုန်းကို မကျေမနပ် ရေရွတ်ရင်း အဝတ်စားတွေ လဲ ရအောင် အပေါ်ထပ်ကိုပဲ တက်ခဲ့လိုက်တယ်။

ရိဖုန်း အပေါ် တက်သွားတဲ့ ဝမ်ရိပေါ် ပြောတာကို ကြားလိုက်တာကြောင့် နောက်ကနေ ကြည့်ပြီး ဝမ်ရိပေါ် သူ့ကို ပြောသွားသလို ပါးစပ် လှုပ်ရုံ လိုက်ပြောပြီး TV ဘက် ပြန်လှည့်လိုက်သည်။

~~~~~~~~~~

' ကဲ ... ရောက်ပြီ။ အထဲဝင်မယ်ဆို ဖိနပ်တွေ ချွတ်ကြနော်။'

ရှောင်းကျန့် နဲ့ ကျင်းပေါင် မားမား ရောက်ပြီ ပြောလို့ ကားပေါ်က ဆင်းပြီး ကြည့်လိုက်တော့ ... လှေခါးတွေ အများကြီးနဲ့ တောင်ကုန်းပေါ်မှာ ဆောက်ထားတဲ့ ဘုံကျောင်းကို အောက်ကနေ လှမ်းမြင်ရတယ်။

ရှောင်မား အပေါ်ကို မော့ကြည့်ပြီး မျက်နှာမဲ့သွားတဲ့ ဘေဘီကြောင့် ...

Beyond Pain  ( Completed )Where stories live. Discover now