Ep - 23

2.3K 146 9
                                    

DX Company .....

' ဒီနေ့ meeting ခေါ်ရသည့် အကြောင်းရင်းက င်္အကျီတွေတင် မကတော့ပဲ လူ တစ်ယောက် အသုံးဝင်နိုင်မယ့် accessories တွေပါ ထပ်ထုတ်မယ့် အကြောင်း ပြောချင်လို့ပဲ ဖြစ်တယ်။

ဒီတော့ မန်နေဂျာက နောက်ထပ် ထုတ်မယ့် ကုန်ပစ္စည်းတွေ အတွက် လိုအပ်မယ့် ကုန်ကြမ်း ၊ ပြီးတော့ ထုတ်လုပ်နိုင်မယ့် ဝန်ထမ်း ခေါ်ယူမှုတွေ ကို တာဝန်ယူပါ။

လောလောဆယ်တော့ စက်ရုံမှာက အထည်တွေနဲ့ ပြည့်နေတော့ ဂိုဒေါင် အလွှတ် တစ်လုံး ထပ်ငှါးရမယ်။

အဲ့ဒါကို အတွင်းရေးမှုးက တာဝန် ယူပါ။

တစ်ခြား ဝန်ထမ်းတွေလည်း အင်္ကျီဒီဇိုင်း အပြင် နောက်ထပ် ထုတ်ကုန်သစ် အတွက် တစ်ယောက်ကို idea တစ်မျိုးစီ တင်ပြကြပါ။

အားလုံး လုပ်နိုင်မှာလား။'

' ဟုတ်ကဲ့ လုပ်နိုင်ပါတယ် MD ...' x All

' Ok !!!! အကုန်လုံး ကြိုးစားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဘာအခက်ခဲ ရှိရှိ မန်နေဂျာဆီ တင်ပြပါ။'

' ဟုတ်ကဲ့ပါ MD ...'

' ဒါဆို သွားလို့ ရပြီ။'

' မား ... ကျနော် တစ်ခုလောက် ပြောချင်တယ်။'

ရိပေါ် အကုန်လုံး ထွက်သွားတော့မှ ရှောင်မား ကို MD လို့ မခေါ်တော့ပဲ မား လို့ ခေါ်ပြီး စကားပြောဖို့ ပြင်လိုက်သည်။

' အင်း ဘာပြောမလို့လဲ။'

' Accessories ဒီဇိုင်းတွေကို ကျနော် စမ်းပြီး ဆွဲပေးကြည့်မယ်။ မား သဘောကျမှ ယူသုံးပေါ့။ အပြင် ဝန်ထမ်းခေါ်ဖို့က ထင်သလောက် မမြန်ဘူး။ မြန်ခဲ့ရင်တောင် မား စိတ်ကြိုက် မဖြစ်မှာ စိုးရတယ်။'

' သား ရိပေါ်က ဒီဇိုင်းပိုင်းတွေလည်း ရတာလား။'

' ဟုတ်ကဲ့ ကျောင်းတက်တုန်းက တစ်ခြား လုပ်စရာ မရှိတော့ နည်းနည်း ပါးပါး လေ့လားထားဖူးလို့ပါ။'

' ဟုတ်ပြီလေ။ သား က ဆွဲပေးမယ်ဆို ပိုကောင်းတာပေါ့။ သား ဆွဲပြီးရင် မား ကို ပြကြည့်ပေါ့ အလုပ်မှာ မဟုတ်ရင်တောင် အိမ်မှာဆို ပိုတောင် အဆင်ပြေသေးတယ်။ လိုအပ်ချက်ရှိရင် ချက်ချင်း ပြင်လို့ ရတယ်။'

Beyond Pain  ( Completed )Where stories live. Discover now