တစ်ရက် ပြီး တစ်ရက် ကုန်သွားတယ်။ မားမား နဲ့ ကိုကိုကတော့ ပုံမှန်တိုင်း အလုပ်သွားတယ်။ ကိုကိုက နေ့ခင်းဆို သူ ထမင်းစားဖို့ ပြန်လာပြီးရင် ပြန်မသွားရတော့တာလဲ နေ့တိုင်းပါပဲ။
အဲ့လိုနဲ့ပဲ ရှောင်းကျန့် သူ့ဗိုက်ကို အာထရာဆောင်း ထပ်သွားရိုက်ကြည့်ဖို့ရက်က ထပ်ရောက်လာပြန်ပြီ။
' ချာတိတ် ပြီးပြီလား။'
' ကိုကို ပြီးရင် အလုပ် သွားမှာလား။'
' ဒီနေ့တော့ မသွားတော့ဘူးလေ။ မား လည်း မလာလည်း ရတယ်တဲ့။'
' ကိုကို တကယ် အဆင်ပြေရဲ့လား မား ရဲ့ အလုပ်ကို ခုလို လုပ်ပေးနေရတာ။ အရင်က ကိုကို ဒီလို အလုပ် မလုပ်ခဲ့ဘူးမလား။'
' ပြေပါတယ်။ အခုက ဒီဇိုင်း ဆွဲကူတာပဲ ပိုသွားတာပါ။ အရင်ကလည်း ကိုယ့် company အလုပ်မှာ ခုလို လူတွေ များခဲ့တာပဲ။ အခုဆို လုပ်ငန်းတွေ ထပ်ချဲ့လိုက်တော့ မား တစ်ယောက်တည်းဆို နိုင်မှာ မဟုတ်တော့ဘူး။ ချာတိတ်က ဘာလို့ မေးတာလဲ။'
' ကိုကို ဒီမှာ ဘား ဖွင့်ချင် ဖွင့်ဖို့ မားမား ကို ပြောပေးမလို့လေ။ အရင်က ကိုကို့ ကို Company မှာ အလုပ် လုပ်တဲ့ ပုံစံ မမြင်ဖူးပဲ ဘား ထဲက ပုံစံပဲ မြင်ဖူးတာလေ။ အဲ့ဒါကြောင့် ကိုကို ခု မားမား အလုပ် လုပ်ပေးနေတာ စိတ်ကျဉ်းကြပ်နေမှာ စိုးလို့။
ပြီးတော့ တရုတ်က ဘား ကို ကိုကို့ သူငယ်ချင်းကို လွှဲပေးလိုက်ပြီမလား။'
' မား လည်း company မလုပ်ခင်က မေးပါတယ်။ ပြီးတော့ တစ်ခြား အလုပ် လုပ်ချင်တာ ရှိရင်လည်း လုပ်လို့ ရတယ်ဆိုတာ ပြောပြီးသားပါ။ ကိုယ်က တမင် မား အလုပ် ကူလုပ်ဖို့ပဲ ရွေးလိုက်တာ။ ဘား ကတော့ မင်းနဲ့ တွေ့ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပေမယ့် ကိုယ် မလုပ်ချင်တော့ဘူး။'
' ဟုတ်ပါပြီ။ ကျနော်က ကိုကို မားမား ကို အားနာနေမှာ စိုးလို့ ပြောတာပါ။ ကိုကို မလုပ်ချင်တော့ဘူးဆိုလည်း သဘောပဲ။'
' ကဲ ... လာ သွားရအောင်။ တော်ကြာ ဆေးရုံမှာ သွားစောင့်နေရမယ်။'
' ကိုကို တံခါး သေချာပိတ် အခက် နဲ့ ဘွန်း ရဲ့ လက်တွေ ညှပ်မိမယ်။'
YOU ARE READING
Beyond Pain ( Completed )