Part-7

2.8K 86 0
                                        

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၇)

(💋💋💋)

"သမီးဘယ်လို လုပ်လိုက်တာလဲ ။ တကယ်ဆို ဒီကိစ္စက သမီးဘက်ကမှားတယ်ဆိုတာသိသာတယ်။တစ်ဖက်က Daddy မျက်နှာနဲ့မို့ အလျော့ပေးလိုက်လို့တော်သေးတယ်။"

"ဘာကို သမီးမှားရတာလဲ daddy "

အစောက မျက်နှာခပ်တင်းတင်းဖြင့် ပြန်မေးလေသည်။သူမက တစ်ဖက်လူအပေါ် မိမိမှန်သည်/ မှားသည်ဆိုတာထက် အသားလွတ်ကြီးလူကို ချိုးနှိမ်ပြောဆိုခဲ့ခြင်းကြောင့် တမင်ပညာပြခြင်းဖြစ်သည်။ယခုလည်း daddyက သူ့မျက်နှာကြောင့်သာ အလျော့ပေးသည်ဟုဆိုနေသည်။တကယ်တမ်း ဟိုလူကြီးက ငွေမျက်နှာကြောင့် အလျော့ပေးသွားသည်ဆိုတာ သိသာပါသည်...။

"မောင်ဇိုင်းခန့် ပြောပြလို့ daddy အကုန်သိပြီးပြီ သမီး "

ဇိုင်းခန့်နာမည်ကိုကြားသည်နှင့် အစောမျက်နှာမှာ နဂိုထက်ပိုတင်းမာကာ ငြိမ်သက်သွားသည်။ထို့နောက် Daddy ဘေးမှာရပ်နေသည့် သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး အသက်မပါသော အတုယောင်အပြုံးနှင့် ရယ်သံနှော၍ပြောလေသည်။

"အဟက်...daddyကို သူကဘယ်လိုပြောပြလို့လဲ"

"တစ်ဖက်ကကားပိုင်ရှင်ကို သမီးဘက်က သေချာဝင်တိုက်တယ်ဆိုတာကို​ပေါ့"

Daddy ဆီက ထိုစကားကြားတော့ အစောက မျက်ခုံးပင့်လို့ ပြုံးလိုက်သည်။

"အင်း...အမှန်ပဲ အဲ့အဖိုးကြီး ပါးစပ်က ထွက်လာတဲ့စကားကို မကျေနပ်လို့ ဝင်တိုက်လိုက်တာ...။အခုလည်း သူဘာဖြစ်သွားလို့လဲ Daddy။ငွေမြင်တော့ ပါးစပ်ပိတ်ပြီးငြိမ်သွားတာပဲမလား..."

"သူဘယ်လိုနည်းနဲ့ပဲ ငြိမ်သွားပါစေ သမီး..။အခုသမီးရဲ့လုပ်ရပ်က Daddy ရဲ့imageကို ထိခိုက်သွားစေနိုင်တယ်ဆိုတာရော သမီးစဉ်းစားမိရဲ့လား..."

Daddy စကားကြောင့် အစောမျက်နှာဟာ သိသိသာသာအရောင်မှိန်ကာ ငြိမ်ကျသွားသည်။
ဟုတ်ပါတယ်..သမီးကြောင့် Daddy ဂုဏ်သိက္ခာထိခိုက်သွားနိုင်တယ်။အထူးသဖြင့် ဝန်ကြီးချုပ်ဦးစောမျိုးထွန်းရဲ့သမီးက ဒီလိုဆိုးသွမ်းရိုင်းစိုင်းတဲ့သူပါ့လားဆိုပြီးပေါ့...။
သမီးရဲ့ဆိုးသွမ်းတဲ့ စရိုက်မှာ လူတွေ Daddy နာမည်တပ်ပြီး Daddy ကိုအထင်မြင်သေးကြတာမျိုး မဖြစ်စေချင်ပါဘူး...။
ဘာလို့ဆို ဒီလိုဆိုးသွမ်းမှုက သမီးရဲ့ ဖြစ်တည်မှု..။
သမီးနဲ့ပဲ သက်ဆိုင်တာမလို့ပါ...
တစ်စုံတစ်ရာကို စိတ်ထိခိုက်သလို ရှိသွားတဲ့သူမဟာ ခါတိုင်းလိုအားမာန်ပြည့်တင်းတဲ့ အသံမျိူးမဟုတ်တော့ပဲ မာန်စွယ်ချိုးလျော့သော အသံငယ်လေးဖြင့် Daddy ကိုပြန်၍ တောင်းပန်လာခဲ့သည်။

မာနလေးရဲ့ကိုယ်ရံတော်Onde histórias criam vida. Descubra agora