(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၉)
"ပိုတောင်စိတ်ညစ်မိတယ်..."
"ဟာ..ကိုဇိုင်းနော် ဇင်မာ့ကို အဲ့လောက်အထိ သူစိမ်းမဆန်ပါနဲ့လား...ဇင်မာ မခံစားနိုင်လို့ပါ..."
ဇိုင်းစကားအပေါ်မှာ ဆူပုပ်ပုပ်မျက်နှာထားဖြစ်သွားတဲ့ ဇင်မာက ဇိုင်း လက်မောင်းကို ထိကိုင်ကာ ပြောလာ၍ ဇိုင်း သူမ လက်တွေကို မညှာမတာပဲ ပုတ်ထုတ်ဖယ်ချပစ်လိုက်သည်။
"ဖယ်..မင်း ငါ့အသားကို မထိစမ်းနဲ့...ငါမကြိုက်ဘူး..."
"အ..."
ဇိုင်းရဲ့ ခပ်ဆောင့်ဆောင့် လက်ကို ပုတ်ထုတ်ခံရမှုကြောင့် ဇင်မာ့ ခန္ဓာကိုယ်လေးမှာ ဇိုင်းနဲ့ ခပ်လှမ်းလှမ်းဆီသို့ ရောက်သွားခဲ့သည်။ထိုအပြုအမူကြောင့် ဇင်မာ့ရင်ထဲ ဆူးကာ အောင့်သက်သက်ဖြစ်ရသည်။ထို့ကြောင့် ဇင်မာ ဇိုင်း မျက်နှာကို မျက်လုံးများမှေးစင်း၍ ခပ်စေ့စေ့စိုက်ကြည့်လိုက်ပြီး မာယာဆန်သော အပြုံးတစ်ပွင့်ကို နှုတ်ခမ်းဖျားတွင် ဖန်တီးလို့ပြုံးလိုက်သည်။
"အဟင်း...ဒါဆိုလည်း ကိုဇိုင်း ဇင်မာ့လက်က လွှတ်အောင်ပြေးနော်...ဇင်မာ က ကိုဇိုင်းကို မရရအောင် အပိုင်ယူမှာ.."
ဇင်မာ့ရှေ့မှာ အေးစက်စက်မျက်ဝန်းတွေနဲ့ တည်ကြည်စွာရှိနေတဲ့ သူက ထိုစကားကြားတော့ နှုတ်ခမ်းကို တစ်ဖက်တည်း တွန့်လို့ပြုံးသည်။ထိုအပြုံးက ကြည့်ကောင်းသော်လည်း ကျောချမ်းဖွယ်ရှိသည်။ထို့နောက် ဇိုင်းက ဇင်မာ့ကို အရှိန်နဲ့လေဟုန်ကိုထိုးခွင်းလာတဲ့ ရေခဲဆူးတွေလို အေးစက်စူးရှစွာ လှည့်ကြည့်လာပြီး...
"ပြေးရတာကို မကြိုက်လို့တောင်.. ငါမင်းကို မရှောင်ပဲ...အခုလို မင်းအရှေ့မှာ ရှိနေတာ...အဟင်း...မင်း ငါ့ကို ပိုင်မယ် ထင်နေရင် ကြိုက်တာသာလုပ်..."
ဇင်မာက ဇိုင်းမျက်နှာကို စွဲမက်စွာ စိုက်ကြည့်နေရင်းမှ ထိုစကားကြောင့် သဘောကျစွာ ပခုံးတစ်ချက်တွန့် လို့ ရယ်လိုက်ရင်း....
KAMU SEDANG MEMBACA
မာနလေးရဲ့ကိုယ်ရံတော်
Romansaမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...