Part-21

1.8K 63 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်   (အပိုင်း ၂၁)
                                     

    "အစော...အစော!..ဆရာဝန်ကြီး Round လှည့်လာတယ်။အစော ခဏလောက်ထပြီး ခံစားရတဲ့ ဝေဒနာနဲ့ပတ်သက်လို့ ဆရာဝန်ကြီးကို တစ်ခုခုပြောပြဖို့လိုမယ်ထင်တယ်"
  
        ဦးခေါင်းနာကြင်မှုထက် ရင်ဘတ် နှင့် နံကြားတစ်ဝိုက်က နာကြင်မှုဟာပိုသာလွန်လေသည်။ထို့ကြောင့် အစော မျက်နှာလေးမှာ ညှိုးငယ်ရှုံ့မဲ့နေလျက် မျက်လုံးလေးအား ပွင့်တယ်ဆိုယုံမျှဖွင့်ကြည့်ကာ ဘာမှပြန်မပြောပဲ ခေါင်းလေးသာ ညိတ်ပြလေသည်။ပြောရလျှင် အရှေ့ပိုင်း လေးရက်လောက်က သိပ်ပြီး နာကြင်ကိုက်ခဲ့မှုတွေ မပြင်းထန်ခဲ့ပေမယ့် ယခုရက်တွေမှာတော့ နာကြင်ကိုက်ခဲမှုဒဏ်တွေကအတော်လေးပြင်းထန်နေလေသည်။အသက်ရှုတစ်ချက်ပြင်းလိုက်တာနဲ့ မျက်ရည်ကျမတတ်နာကြင်တဲ့ ခံစားမှုက ရင်ဘတ်ဆီမှာသက်ရောက်နေသလို သူမရဲ့ ယခင်ပုံမှန်နှုန်းနဲ့ စကားပြောလိုက်တိုင်းမှာလည်း ရင်ဘတ်အနီးတစ်ဝိုက်ဆီမှ နာကြင်နေလေသည်...။       

    "မစောဧကရီနွယ် အခြေအနေဘယ်လိုရှိလဲဗျ...မျက်နှာလေးအတော် ချောင်ကျသွားတယ်နော်...ကြည့်ရတာ ကိုက်ခဲလွန်းလို့ အစာသိပ်မဝင်ဘူးထင်တယ်..."

       ဆရာဝန်ကြီးက နာစ့်နှစ်ဦးအပြင် လေ့လာသင်ယူနေသော ဆရာဝန်ငယ်သုံးဦးဖြင့် အစောရှိနေသော ဆေးရုံခန်းထဲသို့ ဝင်လာကာ ပြောလိုက်ခြင်းဖြစ်သည်။

       အမှန်ပင်...။သူမ စကားပြောရင်တောင် နာကြင်နေရ၍ အစာမျိုချလျှင် ပို၍နာကြင်ရသည်။ထို့ကြောင့် ဝါးရမည့် အစားအစာဆို သုံးလုတ်ထက်ပိုမစားသလို ပဲဟင်းရည်ဆိုလျှင်လည်း ခွက်သေးတစ်ခွက်ထက် ပိုမသောက်နိုင်ပေ။
       
       "ဟုတ်တယ်ဆရာ အသက်ရှူတစ်ချက်ပြင်းလိုက်တာနဲ့ သေမတတ်နာကြင်သလို အခုလို စကားပြောရင်တောင် ရင်ဘတ်အနီးတစ်ဝိုက်က နာကြင်နေတယ်ဆရာ..."

        အစောစကားကြောင့် ဒီဂရီမျက်မှန်အကြည်နှင့် အသက်၃၅အရွယ် ဆရာဝန်ကြီးမှာ ဖြစ်စဉ်အပေါ် လက်ခံကြောင်းခေါင်းညိတ်ပြသလိုက်ရင်း...

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now