Part - 35(final)

5.5K 78 1
                                    

(Unicode)

(အပိုင်း ၃၅)ဇာတ်သိမ်း

         ချစ်ရသူ သေဆုံးရခြင်းအတွက် အကောင်းဆုံး လက်စားချေခဲ့ပြီးချိန်မှာတော့ ဇိုင်း သူကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ပြစ်ဒဏ်ကို ခံယူရန် ပြင်ဆင်လိုက်သည်...။မှောင်ခို ကွန်တိန်နာသင်္ဘောကြီး ပေါက်ကွဲသည့် အမှုကို သူပြစ်ဒဏ်မခံယူရင်တောင် ဝန်ကြီးတာရိုကို သတ်သည့် အမှုကိုတော့ သူသေချာပေါက် ပြစ်ဒဏ်ခံယူမည်ဟု စဉ်းစားလိုက်သည်...။ထို့ကြောင့် သူ ဆရာသမားဆီသို့ ဖုန်းခေါ်လိုက်သည်။

"တူ....တူ...."

"ဟယ်လို"

"ဟယ်လို ဆရာ..၊ ကျွန်တော် မိုမို့အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားတွေကို ကိုယ့်သဘောနဲ့ ကိုယ် ရှင်းထုတ်ပစ်လိုက်ပါပြီ ၊ အဲဒါ...ဆရာ...ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော့်ကို မှုခင်းရဲတွေနဲ့ အတူ လာဖမ်းပေးပါဆရာ"

         ဇိုင်းစကားကို ကြားရ၍ အရာရှိ မူစန်မှာ စစ်လက်စ စာရွက်စာတမ်းတွေကိုပင် စားပွဲပေါ်သို့ပစ်ချကာ မျက်နှာကို စိတ်မောစွာ အထက်အောက်ပွတ်သပ် ဆွဲချမိသည်...။ဘာပြောရမှန်းမသိ..။သူခေါင်းမီးတောက်ရသည်..။သည်ကောင်လေး သူ့ကို ဘာတစ်ခုမှ မတိုင်ပင်ပဲ လုပ်ချင်ရာ လျှောက်လုပ်သည်...။ ယခုတော့ တားဖို့နောက်ကျသွားသည့် ခြေလှမ်းအတွက် သူ ဘာကိုတတ်နိုင်မည်နည်း...။ သို့သော် ဘက်လိုက်သည်ဟုပြောပြော ....။
မည်သို့ပင် ဆိုစေကာမူ ...ဇိုင်း မိဘတွေက သူ့ကို ဇိုင်းနှင့် ပတ်သက်လို့ ယုံကြည်စိတ်ချစွာ အပ်နှံထား၍... ယခုကဲ့သို့ အယုံအကြည်ပျက်စေမည့် ကိစ္စမျိုးကိုတော့ လက်သင့်မခံချင်ပေ...။ထို့ကြောင့် သူ ဇိုင်းကို အတတ်နိုင်ဆုံး ပြစ်မှုမခံရအောင် အစွမ်းကုန်ဖုံးဖိပေးနိုင်ဖို့ ကြိုးစားပေးရန်ပြင်ဆင်လိုက်သည်...။

"ရှီတို...၊မင်း အခု ငါရဲ့ တိုက်ခန်းအဟောင်းဆီကို သွား၊ ဒီအမှုအတွက်  ငါတာဝန်ယူဖြေရှင်းလိုက်မယ်"

"မဟုတ်ဘူးလေ ဆရာ..၊ကျွန်တော် လက်စားချေခဲ့ပြီးပြီ..၊ကျွန်တော် လူသတ်ခဲ့တဲ့ တရားခံဖြစ်နေပြီ..၊ဒါကြောင့် ဆရာ...."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now