Part-23

2K 60 1
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်  (အပိုင်း ၂၃)
                                     

     "ကိုဇိုင်း ဒီဂိုထောင်က အစောနေတဲ့ အိမ်နဲ့ဆိုနည်းနည်းမဝေးဘူးလား ..."

    "အင်း...နည်းနည်းပါ.."

      "တကယ်လို့ အစော တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ..."

       အစောက ချစ်စဖွယ်ဟန်အမူအရာဖြင့် အဝတ်အိတ်နှင့်ပစ္စည်းတချို့ အခန်းတွင်နေရာချနေသည့် ဇိုင်းအနားသို့ တိုးကပ်သွားလိုက်သည်။
          အရိပ်တစ်ခုလို ရောက်လာသည့်သူမကြောင့် ဇိုင်း ဘာရယ်မဟုတ် ဖျတ်ကနဲ လှည့်ကြည့်မိသည်။
        နို့နှစ်ရောင် ဝါဝင်းသည့် သူမရဲ့ အသားအရည်က ဝတ်ထားသည့် ဂါဝန်အသားရောင် ဒူးဖုံးလေးနှင့် အင်မတန်လိုက်ဖက်ညီနေသည်။ထို့အပြင် ဆံပင်ကိုခပ်မြင့်မြင့် စုချီထားပြီး အနည်းငယ်ဟိုက်နေသည့် အင်္ကျီ ကြောင့် သွေးကြောစိမ်းတွေ ယှက်နွယ်နေသည့် သူမ ရဲ့ ကျော့ရှင်းတဲ့ လည်တိုင်က အထင်းသားပေါ်လွင်နေသည်။
           တော်တော်နှင့် အကြည့်မလွဲနိုင်ဖြစ်နေရပြီး ရင်ဘတ်ထဲက တဒိန့်ဒိန့် လှုပ်ခုန်နေသည့် အရာဟာလည်း ပို၍ပို၍ လျင်မြန်ပြင်းထန်လာလေသည်။ ပိုဆိုးသည်က သူမ သူ့ကို မျက်လုံးဝိုင်းလေးနဲ့ မော့ ကြည့်နေပြီး နီရဲနေတဲ့ နှုတ်ခမ်းလေးကိုလည်း အနည်းငယ်မျှ စူထားသေးတော့..'ဟား..သေပါပြီ'သူကြွေပြီပေါ့...။
           ခေတ္တမျှ အသိစိတ်လွတ်ကာ စိုက်ကြည့်မိနေရင်းမှ စိတ်လှုပ်ရှားလာကာ သူမ မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းဆီကို မက်မောစွာကြည့်မိလာသည့်နောက် သူအမြန် စိတ်ထိန်းလိုက်ရသည်။ထို့နောက် အသားချင်းထိလုမတတ် နီးကပ်နေပြီဖြစ်သည့် သူမ အနားမှ အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ခွါလိုက်သည်။
          
           "မင်း ကျန်းမာရေး သိပ်ကောင်းသေးတာမဟုတ်ဘူး...အခန်းပြန်ပြီး အနားယူတော့လေ..."

          "မပြန်ပါဘူး..."

        အစော ခေါင်းခါရန်းကာ ငြင်းဆန်လိုက်ပြီး ဇိုင်း အနားမှ လှည့်ထွက်ကာ ခုတင်ဆီသို့ လျှောက်သွားလိုက်သည်။

         "အခန်းပြန်ရင် ပျင်းစရာကောင်းတယ်...ဦးတိမ်နဲ့ ဒေါ်ဒေါ်ကလည်း သစ်ခွခြံကိုသွားတယ် ဒီနေ့..နေ့လယ် တစ်နာရီလောက်မှ ပြန်လာဖြစ်ကြမယ်တဲ့...အဲ့ဒါမို့ အစောအတွက် မနက်စာ နဲ့ နေ့လည်စာပါ သေချာလေး ပြင်ဆင်ပေးထားခဲ့ကြတယ်...နောက်ပြီး အစော သောက်ရမယ့် ဆေးကောပဲ..."            
          
          "ဒါဆိုလည်း ငြိမ်ငြိမ်လေး အဲ့မှာထိုင်နေ ကိုယ့် အနားကပ်မလာနဲ့...မင်း လာလိုက်တာ ဘယ်ပစ္စည်း ဘယ်နား ထားရမှန်းတောင် မသိတော့ပဲ ဖြစ်သွားတယ်..."

မာနလေးရဲ့ကိုယ်ရံတော်Tempat cerita menjadi hidup. Temukan sekarang