(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၇)
(Kiss⚠️)
နှင်းဆီနီတွေက ရဲစိုနေကာ ပွင့်ချက်တို့အာ၍ တစ်ခင်းလုံးနှင်းဆီတွေဖြင့် အတော်လေး သိပ်သိပ်သည်းသည်း လှနေလေသည်...။
ထိုသို့အလှတွေကို ငေးမောနေရင်းမှ မိုမိုမျက်နှာလေးကို တဖြည်းဖြည်း ပြန်မြင်ယောင်လာကာ အတွေးနွံထဲမှာ ရုန်းမရဖြစ်နေသည့် သူက...ခေါ်သံတစ်ခုကြောင့် အသံကြားရာသို့ အမြန်လှည့် ကြည့်လိုက်လျှင် နွေးကနဲဆိုသလို နှုတ်ခမ်းဖျားပေါ် ထိတွေ့လာသော အထိတွေကြောင့်...ခေတ္တမျှ ကြောင်အသွားခဲ့ပြီး အသိနှင့်သတိကပ်ချိန်မှာတော့ ထိုထိကပ်ခံထားရသည့် အရာကို အမြန် ခွါလိုက်သည်...။"မင်း!..မင်း..ဒါဘာလုပ်တာလဲ..ဇင်မာ..."
"ကိုဇိုင်းကို နမ်းလိုက်တာလေ...မသိဘူးလား..""ဟာ..မင်း ယောကျာ်းတစ်ယောက်ကို နမ်းရဲရတဲ့အထိ အတော်ရဲတင်းလှကြည်လားကွ...."
"အဲ့ဒါဘာဖြစ်လဲလို့..ဇင်မာ ဒီလို ရဲတင်းရတဲ့အကြောင်းအရင်းက ကိုဇိုင်းကို ဇင်မာ အရမ်းချစ်လို့ပဲလေ..."
"ဘာရယ်!...မင်းက ငါ့ကိုချစ်တယ်..ဟုတ်လား...မင်းငါပြောတာ နားမလည်တာလား...ငါ့မှာ ချစ်ရမယ့်သူ တစ်ယောက်လုံးရှိထားပြီးသားလို့...ပြောခဲ့ပြီးပြီလေ.."
"မသိဘူး...ဇင်မာ အဲ့ဒါတွေ စိတ်မဝင်စားဘူး..ဇင်မာကတော့ ကိုဇိုင်းကို ချစ်တယ်...ကိုဇိုင်းက အစောကို ချစ်နေရင်လဲ...ဇင်မာ့ဘက်က အဲ့ဒါကို လုံးဝ ဂရုစိုက်နေမှာမဟုတ်ဘူး..."
"ဟား...မင်းလွဲနေပြီ...ငါချစ်နေတာက အစောကိုမဟုတ်ဘူးကွ...ငါ့ရဲ့ ချစ်သူ မိုမို တစ်ယောက်တည်းကိုပဲ ...ချစ်တာ...အဲ့ဒါမင်း မြဲမြဲနားလည်ထား..မင်း ငါ့ကို လိုက်မနှောင့်ယှက်တော့နဲ့ ဇင်မာ..ဒီနေ့ကစပြီး မင်းနဲ့ငါ ခပ်ကင်းကင်းပဲ နေတာကောင်းလိမ့်မယ်..."
"အဟင်း...ကိုဇိုင်း ဇင်မာ့ကို ဘာပဲပြောပြော ပါ ဇင်မာကတော့ ခေါင်းထဲမထည့် ဘူး...ကိုဇိုင်းချစ်နေတာက အစောမဟုတ်ဘူးဆိုတာနဲ့တင် ဇင်မာက ကျေးဇူးတင်နေပြီ...မဟုတ်ရင် သူငယ်ချင်းအရင်းကြီးကနေ ရန်သူတွေလို ဖြစ်သွားရမှာ နမျောမိတယ်လေ..."

YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...