Part-10

2.5K 77 0
                                    

(Unicode)

မာနလေးရဲ့ကိုယ်ရံတော် (အပိုင်း၁၀)
                                            
               အက်စ်ပီရို တစ်ယောက်  BOURBON Whiskey (ဘူဘွန် ဝီစကီ)🥃 ကို အိစက်ညက်ညောသော ဆိုဖာခုံပေါ်တွင်ထိုင်လျက် တစ်မော့သောက်လိုက်ရင်း မတင်မကျဖြစ်နေသောအတွေးများဖြင့် စဉ်းစားနေဟန်ရှိသည်။
               တစ်နေ့ညက ညစာစားပွဲမှာ ဦးစောမျိုးထွန်း မိတ်ဆက်ပေးသည့် အစောရဲ့ bodyguard ဆိုသူ ဇိုင်းခန့်ကို သူ မြင်ဖူးနေဟန်ဖြင့် သိနေသလိုရှိနေ၍ဖြစ်သည်။သေချာပေါက် သူ website (ဝဘ်ဆိုဒ်)တစ်ခုရဲ့ စာမျက်နှာပေါ်မှာ ကျေးဇူးတင်လွှာတစ်ခုနှင့်အတူ မြင်ဖူးနေမည်ဖြစ်သည်။ ဇိုင်းခန့်ကို အလိုမကျဖြစ်ရခြင်းက အစောနဲ့နီးကပ်စွာ ရှိနေရသည့် bodyguard ဟူ၍ဆိုလျှင် မမှားပေ။ရုပ်ရည်ရှိနေသော Bodyguard ဖြစ်၍ အစောနှင့်အနေနီးကာ ချစ်ကြိုက်ငြိစွန်းသွားလျှင် ဆိုသည့် ဝန်တိုစိတ်မှာလည်း အစောကို တွေ့တွေ့ခြင်း သဘောကျမိသည့်စိတ်မှာတွင် ဖြစ်ပေါ်နေခဲ့သည်...။
                ဦးစောမျိူးထွန်း အပြောအရဇိုင်းခန့်သည် ဂျပန်နိုင်ငံ ထူးချွန်Marine (မရိန်း)တပ်ဖွဲ့မှဖြစ်ပြီး ငယ်စဉ်ကပင် ဂျပန်နိုင်ငံသားအဖြစ်ခံယူထားသော မြန်မာနိုင်ငံသားမှန်းသိရသည်။ရုပ်ရည်မှာ သူမတူအောင်ခန့်ညားဖြောင့်မတ်ပြီး body structure(ကိုယ်ခန္ဓာဖွဲ့စည်းပုံ)မှာလည်း အပြစ်ပြောဖွယ်မရှိအောင် သေသပ်လွန်းသည်။သေချာသည် သူတွေးတာမမှားလျှင် ဇိုင်းခန့်သည် ဂျပန်နိုင်ငံတွင် တစ်ခုတည်းသော နာမည်ကြီးသည့် Omega Marine တပ်ဖွဲ့၏ ရာထူးအခံရှိသည့် အထူးတပ်သားပင်ဖြစ်လိမ့်မည်...။ဤသို့ဆိုလျှင် တိုက်ခိုက်ရေးဘက်တွင်လည်း ညံ့ဖျင်းမှုမရှိတော်ပေလိမ့်မည်...။ ဇိုင်းခန့်၏ လုပ်ရည်ကိုင်ရည် နှင့် အရည်အချင်းရှိမှုကို ဦးစောမျိုးထွန်းနှုတ်ဖျားမှ မချ ရွှန်းရွှန်းဝေအောင် ကြားခဲ့ရလျှင် သူပိုလို့ အူတိုရသည်...။
အစောဆိုသော သူမလေးရှေ့တွင် သူသည်လည်း အရည်အချင်းရှိ၍ သန်မာသူတစ်ဦးဖြစ်ကြောင်း သိရှိစေချင်သော မသိစိတ်ကြောင့် ဆိုလျှင် မှားမည်မဟုတ်...။
               အက်စ်ပီရိုသည် အစောကိုမြင်မြင်ချင်း သဘောကျမိသည့် သူ့စိတ်ကိုပင် ကိုယ်တိုင်နားလည်ရခက်နေသည်။သူမလေးလှလို့များ သာယာမိလေသလား ....။မဟုတ်ပြီ သူမထက်လှတဲ့ အမျိုးသမီးများနဲ့ ပွဲတိုင်းကျော်အောင် တွေ့ဆုံခဲ့ဖူးသည်။သို့သော် မြင်တွေ့ရသည့် မျက်လုံးအကြည်ဓာတ်နှင့် နွေးထွေးဖွယ်ရင်ခုန်လှိုက်ဖိုမှုဖြစ်ခြင်းက မတူပေ...။ ဒီကောင်လေးနဲ့ကြမှ မြင်မြင်ချင်းမှာပင် သူ့ရင်တွေ အရင်လိုတည်ငြိမ်မှုမရှိ...။ သူမလေးရဲ့ လှုပ်ရှားမှုအပြုအမူတွေတိုင်းကစလို့ သူ့ရင်ကို ဝုန်းဒိုင်းကျဲ လှုပ်ခုန်နေစေခဲ့သည်။ တပ်အပ်ပြောနိုင်တာ တစ်ခုကတော့ သူ သူမအပေါ် သဘောကျမိတာ တစ်ခုထက် ပိုလောက်တဲ့ ခံစားချက်တစ်ခု ဖြစ်တည်လာမည်ထင်သည်။ယခုလက်တလောတွင် တားဆီးထိန်းသိမ်းထားနိုင်မည့် တာဘောင်ရှိနေ၍ နေနိုင်သေးသော်လည်း တစ်ခုသော ရက်မြတ်၏ နေ့တစ်နေ့တွင် ထိုတာဘောင်ဟာ အချစ်မိုးများ၏ ကြမ်းတမ်းစွာရွာသွန်းဖြိုးမှုကြောင့် ကျိုးခဲ့ပါလျှင်..........
          
          ..............................

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now