Part-13

2K 62 1
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၃)
                                     
            "ကျစ်...ဒီတစ်ခါ ခေါင်းကိုက်တာက ခါတိုင်းသောက်တာနဲ့ မတူဘူး အတော်ဆိုးတယ်...။

         ရေချိုးသန့်စင်၍ တဘက်အဖြူကို ရင်လျားကာ ထွက်လာသည့်သူမက ရေစိုနေသည့် ဆံပင်တွေကို ခြောက်အောင် ခါသုတ်ရင်းမှ စိတ်ရှုပ်စွာ ရေရွတ်နေခြင်းဖြစ်သည်...။
            မနေ့ နေ့လယ်ကတည်းက မူး၍ ပြန်လာသည့် သူမက ညထိမနိုးပဲ တစ်ချိုးတည်းသာ အိပ်ပျော်သွားခဲ့ပြီး တစ်ခါမှ ခံတွင်းထဲ မသွင်းခဲ့ဖူးသော whiskey ကို သောက်ခဲ့၍ မကြည်မလင်ဖြစ်ကာ ခေါင်းကိုက်မှုဝေဒနာကို ခံစားနေရသည်...။
     သည်လောက်ထိ ပြင်းလိမ့်မည်ဟု မထင်ထား၍ သောက်ခဲ့ခြင်းဖြစ်ပြီး ယခုတော့ အီနေအောင် ခံစားရသည်...။      
       
   "🎶...📱...🎶"

          မှန်တင်ခုံတွင်တင်ထားသော ဖုန်းလေးမှာ ရုတ်တရက် ဖုန်းသံမြည်လာ၍ သူမ ကောက်ယူကြည့်လိုက်သည်။ဇင်မာ့ဆီမှ ဖြစ်လျှင် သူမ ဖုန်းကိုင်လိုက်သည်။

"Hello...ဇင်မာ...ပြော"

"ဒီည Club ဒိုးရအောင် "

"ဘာလဲ ပွဲခံမလို့လား"

"ဒီတိုင်းပဲ ငါပျင်းလို့ပါဟာ လာခဲ့နော်"

"ဇင်မာ ငါ....."
           ...........
"အင်း...ဘာဖြစ်လို့လဲ..."
        
"အဟင်း..ဘာမှမဖြစ်ပါဘူး..အေးပါ...ငါလာခဲ့ပါ့မယ် .. ၈ နာရီလောက် ထွက်ခဲ့မယ်"

"ဟုတ်ပြီ...ငါစောင့်နေမယ် "

        ထိုသို့ ပြောပြီးလျှင် ဇင်မာက ဖုန်းချသွားသည်။ အနည်းငယ် တွေဝေဟန်ရှိနေတဲ့ အစောပုံစံက ဇင်မာ့ရဲ့ ဖိတ်ကြားချက်အပေါ်မှာ သိပ်တော့ လိုလားဟန်မရှိ ၊
         မနေ့က မူးအောင်သောက်ခဲ့ပြီးဖြစ်၍ ငြင်းဆန်ရန် စိတ်ကူးရှိပါသော်လည်း သူငယ်ချင်း သံယောဇဉ်ကြောင့် ငြင်းဆန်ဖို့ စကားလုံးများက မထွက်ခဲ့...အားနာနေ ခဲ့သည်။
         ထို့အပြင် အစောစိတ်ထဲ ဇင်မာ့ကို ဇိုင်းခန့်အတွက် သံသယဖြစ်ရသည်။သေချာသည်က ဇင်မာ ဇိုင်းခန့်ကို တွေ့ချင်၍ သူမကို ချိန်းသည်ဟုသာ မှတ်ချက်ချသည်။

               —————————

"ဇိုင်းခန့် .....ကျွန်မ ဒီည club သွားမလို့..။အဲ့ဒါ ရှင် ပြင်ဆင်စရာရှိတာ ပြင်ထားလိုက်တော့"

မာနလေးရဲ့ကိုယ်ရံတော်Onde histórias criam vida. Descubra agora