Part-30

2K 59 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၃၀)
                                            
         အချိန်အားဖြင့် ဆယ်နာရီပင်ထိုးတော့မည် ဖြစ်၍ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီဖြစ်သည်...။
              အောင်မွန်တစ်ယောက် ဇိုင်းအခန်းတံခါးရှေ့တွင် မတ်တတ်ရပ်နေခြင်းဖြစ်ကာ ပြောရနိုး ၊ မပြောရနိုးဖြင့် ဒွိဟဖြစ်နေလေသည်။ ထိုစကားပြောဖို့ အရေးကိုပင် ဘာမဆိုင်ညာမဆိုင်နှင့်..ကြားဝင် မျက်နှာပူ အားနာနေမိသည်။ သို့သော် သူမပြောပဲ တွန့်ဆုတ်နေ၍မရ...။ ဝန်ကြီးဒေါသကို သိနေသည့် သူက ဇိုင်းကို သည်ကိစ္စ ပြောကိုပြောမှဖြစ်လိမ့်မည်...။
              ထို့ကြောင့် ဇိုင်းအခန်းရှေ့တွင် အောင်မွန် မတင်မကျစိတ်တို့ဖြင့် ချီတုံချတုံဖြစ်နေရာမှ အရဲစွန့်ကာ အခန်းတံခါးခေါက်လိုက်တော့သည်...။

         "ဒေါက်...ဒေါက်...ဒေါက်!..
ကိုဇိုင်း..၊ကျွန်တော်ပါ အောင်မွန်.."

         "တံခါးလော့ချမထားဘူး အောင်မွန်...၊ဝင်ခဲ့လို့ရတယ်.."

         "ဟုတ်ကဲ့..."

         အောင်မွန်ချက်ချင်းပဲ တံခါးဖွင့်ကာ ဝင်သွားလိုက်သည်...။ဇိုင်းကတော့ သူ့ကို ကျောပေးနေလျက်...
စားပွဲရှိ Laptop ကို 'တချောက်ချောက်'နှိပ်ကာ တစ်စုံတစ်ရာကို ရှာဖွေနေဟန်တူသည်...။

         "ဒီအချိန်ကျမှ ဘာကိစ္စပြောစရာရှိနေလို့လဲ အောင်မွန်..."

           ဇိုင်းက အနောက်သို့ တစ်ချက်လှည့်မကြည့်ပဲ Laptop ကိုသာ ပုံမှန်အတိုင်းနှိပ်နေရင်းမှ မေးလိုက်ခြင်းဖြစ်သည်...။
         အောင်မွန်က ထိုအမေးကို ချက်ချင်းမဖြေပဲ တွေဝေနေ​လေသည်...။တော်တော်နှင့် အသံပြန်ထွက် မလာသည့် အောင်မွန်ကြောင့် ဇိုင်း Laptop သုံးနေရာမှ ရပ်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။အောင်မွန်မျက်နှာဟာ ဇီးရွက်ထက်ပင် ငယ်သော အရွက်မျှသာရှိလိမ့်မည်...။မျက်နှာတစ်ခုလုံးဟာလည်း ညှိုးနွမ်းနေကာ ခေါင်းလေးကို မဆိုရုံလောက် ငုံ့ထားလျက်...
အကြည့်တို့က ကြမ်းပြင်ပေါ်သာ ရှိနေလေသည်...။
           ဇိုင်းက အကဲခတ်တော့ မညံ့...၊အောင်မွန်က ဝန်ကြီးဆီမှ ပြန်လာကတည်းက မျက်စိမျက်နှာ မကောင်းခြင်းဖြစ်သည်ကို သူသတိထားမိသည်...။ထိုကတည်းက အကြောင်းအရာကို မေးချင်သော်လည်း ကိုယ့်ကိစ္စနှင့်ကိုယ်မို့ အခွင့်မကြုံ၍ မမေးဖြစ်ခဲ့ပေ..။ယခု မမေးဖြစ်ခဲ့သည့်အကြောင်းအရာကို သူ မေးရလိမ့်မည်။သေချာတာတော့ အောင်မွန့်တွင် စိတ်ထိခိုက်စရာ တစ်ခုရှိနေလိမ့်မည်..။

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now