Part-24

2.1K 70 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၄)

(Kiss⚠️)

"ဒေါက်...ဒေါက်...ဒေါက်!.."

"ကိုဇိုင်း....ကိုဇိုင်း!..အထဲမှာရှိတယ်မလား ဝင်ခဲ့မယ် နော်"

အခန်းထဲမှ တုံ့ပြန်သံမကြား၍ အစော တံခါး လော့အား လှည့်ဖွင့်ကြည့်ရာ လော့ချမထား၍ ဖွင့်ကာ ဝင်လာခဲ့သည်။ ဇိုင်းက ရေချိုးခန်းထဲ ရောက်နေခြင်းဖြစ်ပြီး အစောဝင်လာသည်ကိုတော့ သိမည်မဟုတ်..။
အစောက ဇိုင်းအခန်းထဲသို့ ဟိုကြည့်သည်ကြည့်ဖြင့် ဝင်လာကာ ခုတင်ပေါ် တွင် ဝင်ထိုင်လိုက်သည်။
ထို့နောက် စားပွဲပေါ်တွင် ဘောင်သွင်း၍ တင်ထားသော မိသားစုဓာတ်ပုံနှင့်အတူ ဓာတ်ပုံ Album စာအုပ်အား တွေ့ရ၍ ယူကြည့်လိုက်သည်။
••••
"ဪ...ဒါက ကိုဇိုင်းပြောတဲ့ မွေးစားအဖေနဲ့အမေဆိုတာ ထင်တယ်...။အမယ် ကိုဇိုင်းက ငယ်ကတည်းက ချောတာပါ့လား အဟင်းဟင်း..."

"ဂျက်.."

ရေချိုးခန်းတံခါး ပွင့်သွားပြီး ဇိုင်းထွက်လာရာ ကုတင်ပေါ် တွင် ထိုင်လျက်... Album စာအုပ်အား ကြည့်နေသည့် အစောကို မြင်လိုက်ရ၍ မင်သက်စွာ ခြေလှမ်းတို့ ရပ်သွားခဲ့သည်။

"အစော!..မင်း အဲ့ဒါဘာလုပ်နေတာလဲ...။မင်းကို ကိုယ့် အခန်းထဲ မပြောမဆိုနဲ့ ဝင်မလာဖို့ ပြောထားတယ် လေ "

အဖြူရောင် shirt အင်္ကျီကို လက်ခေါက်တင်ထားပြီး ခဲပြာရောင် pant ကို ကျနစွာ ဝတ်ဆင်ထားသည့် သူက ရေစိုနေသည့် ဆံပင်တို့အား တဘက်ဖြင့် သုတ်ကာ ရေချိူးခန်းထဲမှထွက်လာခြင်းဖြစ်သည်။

"ကျွန်မ လှမ်းခေါ်နေတုန်းက ရှင်မှ မကြားတာ အဲ့ဒါကြောင့် ဝင်လာတာ"

"မင်းက မိန်းကလေး ဆိုတာရော သတိထားမိသေးရဲ့လား"

"ကိုယ့်ကိုကိုယ် မိန်းကလေးမှန်း သတိထားမိပါတယ်..ရှင့် အခန်းထဲ ဝင်လာလို့ .. ကျွန်မကို ရှင် မဟုတ်တာ မလုပ်ဘူးဆိုတာ ယုံတယ်"

"တကယ်လို့ မင်းထင်သလို ငါက မဟုတ်ရင်‌ဘယ်လိုလုပ်မလဲ"

ဇိုင်းစကားကြောင့် အစောက ခုတင်ပေါ်ထိုင်နေရာမှ မော့ကြည့်လာပြီး မျက်စောင်းလေးရွယ်လိုက်သည်။

မာနလေးရဲ့ကိုယ်ရံတော်Donde viven las historias. Descúbrelo ahora