Part-9

2.2K 70 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၉)

August လ (၈)ရက်နေ့...

"Sir လက်မှတ်လေး ပြပေးပါ"

"ရော့..."

စကားပြော သိမ်မွေ့မှုမရှိသည့် Áspero အား လေယာဉ်မယ်လေးမှ မသိမသာမျက်စောင်းလေးပစ်ကာ လက်မှတ်ကိုစစ်ဆေးလိုက်သည်။

"ရပါပြီ ရှင့်..."

"ဝင်လို့ရပြီလား ?"

"ဟုတ်ကဲ့ လူကြီးမင်း...
လူကြီးမင်း ထိုင်ရမဲ့ နေရာကို လေယာဉ်မယ်လေးက ပြပေးပါလိမ့်မယ် ရှင်"

လက်မှတ်အား ပြန်ယူလိုက်ပြီး ထိုင်ခုံနေရာ ညွှန်ပြသည့် လေယာဉ်‌မယ်လေးနောက်သို့ လိုက်သွားလိုက်သည်။
Áspero သည် အရွယ်ရောက်သည့် လူငယ်တစ်ဦး ဖြစ်လာပါသော်‌လည်း တိုက်ခိုက်ရေးပွဲများမှလွဲ၍ မိန်းကလေးများအား တော်ယုံနှင့်စိတ်ဝင်စားခြင်းမရှိခဲ့ပေ..။ထို့အပြင် မိန်းကလေးများနှင့်ပြောဆိုလျှင် အပြောအဆိုက ညက်ညောမှုမရှိ ကြမ်းတမ်းလေသော လူချောလေးပင် ဖြစ်သည်။

"လေယာဉ်စတင် ထွက်ခွာမည်ဖြစ်သောကြောင့် ထိုင်ခုံခါးပတ်လေးများ တပ်ဆင်ပေးပါရန် မေတ္တာ ရပ်ခံပါတယ်ရှင့်"

"...🛫🛫✈️✈️.."

Áspero မှာ လေယာဉ်စထွက်သည်နှင့် ‌ပထမဆုံး သွားလည်မည့် မြန်မာနိုင်ငံသို့ စိတ်ကူးယဉ်ကာ မျက်လုံးများမှိတ်ထားလိုက်သည်..။ဤခရီးစဉ်က သူ့အတွက် စီးပွါးရေးအရ သွားမည်ဆိုတာထက်ကို ပိုသည်။ပွဲစဉ်တစ်ခုမှာ စတင်တွေ့ရှိခဲ့သော မြန်မာfighterတစ်ဦးကြောင့် ဤခရီးစဉ်ကို အကောင်အထည်ဖော်စေသည်ဆို ပိုမှန်လိမ့်မည်..။
Áspero က ချန်ပီယံလု fighterပွဲစဉ်တစ်ခုတွင် မြန်မာနိုင်ငံသား fighterတစ်ဦးအား တွေ့ရှိခဲ့ဖူးပြီး ထိုfighterအား အကြောင်းပြု၍ မြန်မာနိုင်ငံအား စိတ်ဝင်စားကာ မြန်မာစကားကို ရေလည်ပတ်လည်သိနားလည်အောင် သင်ထားခဲ့ဖူးသည်။ ထို့အပြင် ဘာသာစကား (၄ )မျိုးလောက် တတ်ကျွမ်းထားသည့် သူက
- International language (English),
- Japan language,
- Myanmar language &
- Spanish language စသည့်ဘာသာစကားများကို တတ်မြောက်ထားခြင်းဖြစ်သည်...။

အထူးသဖြင့် Áspero က မြန်မာနိုင်ငံကို စီးပွါးရေးစျေးကွက်ထက် အင်အားကြီး fighterကောင်းတစ်ယောက်ရရန် လာရောက်ရှာဖွေခြင်းဖြစ်ပြီး အင်အားကြီးfighterတစ်ယောက်ရရန် ရှာဖွေနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now