(Unicode)
မာနလေးရဲ့ ကိုယ်ရံတော်
(အပိုင်း ၃၃)
ဇိုင်း ဂျပန်သို့ ပြန်ရောက်ခဲ့ပြီဖြစ်သည်...။တာဝန်ချိန် မပြီးဆုံးခင်ပင် ပြန်ရောက်လာခဲ့သည်မို့ ဇိုင်း ဖေဖေကော မေမေပါ အတော်လေးအံ့အားသင့်နေခဲ့သည်...။ သို့သော် ဘာအကြောင်းကြောင့် အမြန်ပြန်လာဖြစ်သည်ကိုတော့ မေးမြန်းခြင်းမရှိ...။
အမြန်ပြန်ရောက်လာခြင်းကိုပင် ဝမ်းသာနေခဲ့သည်...။ဇိုင်း ဂျပန်သို့ ပြန်ရောက်ပြီး ၃ရက်မျှက မိသားစုနှင့်အတူ အလွမ်းသည်ဖြစ်သည်...။
Omega မရိန်းတပ်၏ စည်းကမ်းက တင်းကျပ်သည်...။တစ်သွေး၊တစ်သံ၊တစ်မိန့် ပုံစံမျိုးဖြစ်သည်။၂နှစ်ပြည့်မှ ပြန်လာမည်ဆိုလျှင် အတိအကျ ၂နှစ်ပြည့်သည့် ရက်မှပြန်လာမှသာ တပ်ထဲသို့ ဝင်ခွင့်ပြုသည်...။ ဇိုင်း က ၂နှစ်ပြည့်ဖို့ဆို အချိန်တစ်လမျှ လိုနေသေးသည်...။ သူ့အတွက် အနားယူချိန်မှာ ၁လလုံးလုံးရှိနေလေသည်..။ထို့ကြောင့် သူရှိနေသည့် ၁လလုံးကို အကောင်းဆုံး အသုံးချရန်ဆုံးဖြတ်လိုက်သည်...။
သူလက်စားချေမည်....။မိုမိုနဲ့ မိုမို့မိသားစုအတွက် အချက်အလက်များ အတိအကျ စုံစမ်းကာ ပြန်လက်စားချေရမည်...။အမှန်တကယ်သေစေခဲ့သည့် တရားခံအစစ်ကိုသာ သူရှာဖွေမည်..။ထောင်ထဲသွင်းမည်...။မဟုတ်လျှင် မိုမိုသေသလို သေစေပြီး တရားမဝင်သော နည်းလမ်းဖြင့် လက်စားပြန်ချေမည်....။
မိုမို့အမှုကို ပြန်ကိုင်တွယ်ဖို့ဆို အကူညီလိုသည်..။အကူအညီအတွက်
အတွေးထဲတွင် ချက်ချင်းပေါ်လာသည့် သူက အထူးရဲတပ်ဖွဲ့မှ ဆရာမူစန်သာဖြစ်သည်...။ထို့ကြောင့် ဇိုင်း ဆရာမူစန်ကို အပူကပ်ဖို့ ဆုံးဖြတ်လိုက်သည်...။
"တူ...တူ....""အေး...ရှီတိုပါ့လား...၊မင်း ပြန်ရောက်နေလို့ ဖုန်းဆက်လိုက်တာလား"
"ဟား...ဆရာက ကျွန်တော့်နံပါတ်ကို မှတ်မိနေတုန်းပဲလား...
ဟုတ်တယ်...ဆရာ..၊ကျွန်တော်ပြန်ရောက်နေပြီ...၊အခု ကျွန်တော် ဆရာ့ ရုံးကို လာခဲ့မလို့ ..၊ဆရာ ရုံးမှာပဲ ရှိတယ်မလား""အင်း..ငါရုံးမှာပဲ ရှိတယ် ရှီတို..၊လာရင်တော့ ငါရာထူးတိုးသွားပြီမို့ အရင်ရုံးခန်းမဟုတ်တော့ဘူး...၊
မင်း သိတယ်မလား...၊ရုံးမှာ အမြင့်ဆုံး ရာထူးက ဘာလဲဆိုတာ..."
![](https://img.wattpad.com/cover/316225471-288-k661525.jpg)
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...