Part-32

2.1K 54 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်
(အပိုင်း ၃၂)

"ဒေါ်စိန်!!..."

"ဟင်.. အစောလေး.."

"ဟိုလူကြီး ဘယ်မှာလဲ..."

'ဟိုလူကြီး'ဟုသုံးလိုက်သည့် နာမ်စားကြောင့် ဒေါ်စိန်မှာ မျက်လုံးပြူးကာ ကြောင်အန်းအန်းဖြစ်သွားသည်...။ ဟိုလူကြီးဆိုတာ ဘယ်သူ့ကို ပြောတာပါလိမ့်....
"......"

"သမီးလေး...ရောက်နေတာလား"

"ဝန်ကြီး..."

အစောက ဒေါ်စိန့်ကို မေးနေချိန်မှာပင် ဝန်ကြီးက အိမ်အပေါ်ထက် လှေကားဆီမှ ဆင်းလာ လှမ်းပြောလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးမျက်နှာက တည်တည်ငြိမ်ငြိမ်ပြုံးလျက်ရှိသည်။အိမ်အောက်ထက်ကို ဆင်းလာနေတဲ့ ဝန်ကြီးက ရပ်ကြည့်နေသည့် ဒေါ်စိန့်ကို အနားမှ ထွက်သွားပေးဖို့ လက်ဟန်တစ်ချက်ပြလိုက်ရပြီး...အစောအား တစ်ချက်စိုက်ကြည့်ကာ...

"Daddyကို..၊လွမ်းလို့ ပြန်လာတာလားသမီး..."

"ရှင်...၊အပိုတွေ လျှောက်ပြောမနေနဲ့ ..၊ကျွန်မ ဒီကို ဘာကြောင့် ရောက်လာတယ်ဆိုတာ ရှင် သိထားပြီးသားမလား...၊"

ဒေါသကြောင့်ထူမွှန်နေသည့် အစောက ချစ်ရသူ အဝေးသို့ထွက်သွားသော ခံစားချက်ကြောင့် ဆောက်တည်ရာမဲ့ကာ ဝန်ကြီးကိုပင် 'Daddy'ဟု မခေါ်နိုင်တော့...
တရိပ်ရိပ်တက်လာနေတဲ့ ဒေါသတွေဟာ လူကို ဝါးမျိုထား၍ ဆင်ခြင်တုံတရားဟူ၍က အဝေးမှာသာ...။

အစောထိုသို့မေးတော့ ဝန်ကြီးက တစ်ချက်တွေးတောဟန်ဖြင့် သွေးအေးစွာပြုံးလိုက်သည်...။ထို့နောက် ခေါင်းညိတ်လိုက်သည်။

"အင်း...၊ဆိုပါတော့..."

ဝန်ကြီးစကားကြောင့် အစောရင်ထဲ တစ်စုံတစ်ရာဟာ ဖိညှစ်ထားသလို တင်းကနဲခံစားလိုက်ရသည်။

"ဒါဆို...၊ကိုဇိုင်းကို တမင်ထွက်သွားအောင် လုပ်လိုက်တယ်ဆိုတဲ့ သဘောပေါ့..."

ဝန်ကြီးက အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ရင်း အစောကိုခပ်စူးစူးစိုက်ကြည့်လာကာ....

"အမှန်ပဲ...၊ Daddy သမီးရဲ့ အနာဂတ်ကို လှပစေချင်တယ်..၊ဒါကြောင့်..မလိုအပ်ပဲ လာရှုပ်နေတဲ့ သူ့ကို..၊Daddy သမီးအနားကနေ တမင်မောင်းထုတ်ပစ်လိုက်တာ..."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now