(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၂)
"ဂေ့....အေ့...အဟင်း ...ဒါကဘယ်လဲ ...ဘယ်ကို ခေါ်သွားနေတာလဲဟင်..ကိုဇိုင်း...အစ်..."'ကိုဇိုင်း'လို့ခေါ်သည့် သူမက သည်တစ်ခါတော့ အရက်သောက်ပြီး သူ့အပေါ် စိတ်ကောင်းရှိနေပုံပင်....
"မင်းအရမ်းမူးနေပြီ...အိမ်ပြန်ကြမယ်....လာ...""ဟမ်!...အိမ်..အိမ်ပြန်ရမယ်...ဟုတ်လား...အဟင်း...No..No..No..မပြန်ဘူး ...လုံးဝမပြန်သေးဘူး..အစ်...သောက်မယ်..သောက်ဦးမယ်"
"မရဘူး အစော...။မင်း တော်သင့်နေပြီ..။လာ....အိမ်ပဲ ပြန်ကြမယ်..."
ယောကျာ်းအားဖြင့် ပခုံးမှ ထိန်းဖက်ကာ ခေါ်လာခြင်းကြောင့် သူမ ခမျာ ယက်ကန်ယက်ကန်ဖြင့် Barအပြင်ဘက်ဆီသို့ ပါလာလေသည်...။အပြင်သို့ အေးဆေးစွာ ရောက်လာပြီဖြစ်၍ ဇိုင်းခန့်ကအမောဖြေသည့် အနေဖြင့် ထိန်းဖက်ပေးထားသည့် သူမပခုံးအား ခတ္တမျှ လွတ်ပေးလိုက်လေသည်။ထိုသို့ လွှတ်ပေးလျှင် သေးသွယ် ကျစ်လစ်သော သူမ ခန္ဓာကိုယ်လေးက ဒယိမ်းဒယိုင်ဖြင့်...
အနောက်ပြန်လှည့်ကာ ဆိုင်အတွင်းသို့ ဝင်ရန်ကြိုးစားလေသည်...။"ဟာ...ဟေး...မင်း ဒါဘယ်ကို ပြန်ဝင်ဖို့ ကြိုးစားနေတာလဲ...ကားရပ်ထားတဲ့ နေရာက ဟိုအရှေ့မှာကွ..."
"အာ..အစ်...နေ..နေဦး...ကျွန်မသောက်တာ မဝသေးဘူး...ကျွန်မသောက်တာ....ဝရင်...ပြန်မယ်....ok..ok..ဟုတ်ပြီလား"
အစောက ဇိုင်းခန့်ကို ရီဝေနေသော အကြည့်များဖြင့်ကြည့်ကာ သူ၏ရင်ဘတ်ကို နှစ်ချက်လောက် ပုတ်ရင်း ပြောလာသည်...။ယိုင်နဲ့နေသော ခန္ဓာကိုယ်အပြင် မျက်လုံးလေးများက မှေးစင်းနေပြီး ပါးပြင်တို့မှာလည်း လိုသည်ထက် ပို၍ရဲနေလေသည်။ထို့အပြင် အရက်သောက်၍ လေရှိန်တတ်နေသည့် သူမက မြင်ကွင်းဟူသမျှ ချာလပတ်လည်နေလောက်ပြီး သည်တစ်ခါတော့ တကယ်လက်လန်စရာကောင်းနေသည်။ နုဖပ်နေသော ခြေဖဝါးတို့တွင် ဖိနပ်ပင်မကပ်နိုင်တော့....
ဟိုတစ်ဖက် သည်တစ်ဖက် ကျွတ်နေခဲ့သည့် သူမ ဒေါက်ဖိနပ်ကို ဇိုင်းခန့်က လိုက်ကောက်၍ ကိုင်ထားရသည်..။ထို့အပြင် barမှာ မေ့ကျန်ခဲ့မလို ဖြစ်လာသည့် သူမ၏ ပိုက်ဆံအိတ်ကိုလည်း ချိုင်းတွင်လွယ်ထားရသည်။ ယောကျာ်းကြီးတန်မဲ့ ပိုက်ဆံအိတ်ကို မိန်းမသဖွယ် လွယ်ပြီး အစောကို ထိန်းနေရသည့် ဇိုင်းခန့်ခမျာ စိတ်ညစ်လာတာကြောင့် ယခုချက်ချင်းပင်ပြေး၍ gay(ဂေး)ပစ်လိုက်ချင်သည်....။
ထို့အပြင်ပိုဆိုးသည်က သူမ ဝတ်ဆင်ထားသော ကြက်သွေးရောင် ပခုံးဟို က် မြန်မာဝမ်းဆက်လေးက ကပိုကရို ယိုင်နဲ့နေမှုကြောင့် ဖြူဝင်းသော လည်တိုင် ညှပ်ရိုးတွေမှ တစ်ဆင့် မသိမသာပေါ်လွင်လျက်ရှိသော ရင်ဘတ်ဖောင်းကြွ အသားဝင်းဝင်းလေးတွေအထိပါ စိတ်လှုပ်ရှားဖွယ် မြင်နေရစေသည်...။
တဖြည်းဖြည်းဖြင့် အမြင်မသင့်တော် ဖြစ်လာသည့် သူမအတွက်ကြောင့်မို့ ဇိုင်းခန့်မှာ ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်မိရာ...
ထောင့်တစ်နေရာတွင် phone camera ထောင်လျက် တဟားဟားဖြင့် ရယ်မောနေကြသော လူသုံးယောက်ကို တွေ့ရလေသည်။ထိုလူသုံးယောက်က အစောနှင့်သူ့ကို ရပ်ကြည့်ကာ ဟားတိုက်နေခြင်းဖြစ်ပြီး Camera ချိန်ရွယ်ထားမှုက အစောထံတွင် ပိုအားသာနေလေသည်။ သေချာသည်က သူမ၏ ကပိုကရိုပေါ်လွင်နေသော အလှကောက်ကြောင်းများကို အသားပေး ရိုက်ကူးနေခြင်းဖြစ်လိမ့်မည်....။
ဇိုင်းခန့် သိသာစွာ မျက်နှာပျက်ယွင်းသွားပြီး အံကို တင်းတင်းကြိတ်ထားလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဖိဆုပ်ထားမိသည်။ထို့အပြင် တွန့်ချိုးသွားသော နဖူးကြောများနှင့် အနီရောင် မီးခဲသဖွယ် အရောင်တောက်ပနေသည့် သူ၏ မျက်လုံးများက ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အချက်ပြနေခဲ့သည်။
"တောက်!..အစော..လာ..ငါ မင်းကို အရင် ကားထဲ အမြန်ပို့ထားမှ ဖြစ်လိမ့်မယ်..လာ...အမြန်..."
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...