(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၃၁)
(Kiss⚠️)
ခြံရှေ့ကကားသံကို ကြားရ၍ အောင်မွန်ပြေးထွက်လာခဲ့သည်။
ဟော..ထင်သည့်အတိုင်းပဲ ကိုဇိုင်းပြန်ရောက်လာခဲ့ပြီ...။
ဇိုင်းပြန်ရောက်မလာမီအချိန်က အစောမှာ ဇိုင်းကိုပတ်ရှာနေခဲ့သည်။ အကြောင်းမှာ သူမ အိပ်မက်မက်နေသည့် အတိုင်း ဇိုင်းထွက်သွားမည်ကို စိုးရိမ်နေ၍ဖြစ်သည်။ ဇိုင်းကိုမတွေ့ရ၍ ရတက်မအေးနိုင်စွာ မျက်ရည်တစ်ဝဲဝဲဖြင့် လှည့်ပတ်ရှာနေသည့် အစောကို အောင်မွန်မြင်တော့ ရင်လေးစွာခေါင်းခါမိသေးသည်။မမလေးက ကိုဇိုင်းကို အတော်လေးတွယ်တာကာ ချစ်နေရှာသည်။တကယ်လို့ ကိုဇိုင်းများ ထွက်သွားခဲ့လျှင် မမလေးတစ်ယောက်တော့ ဘယ်လိုများနေမည်ဆိုတာကို သူတွေးမကြည့်ရဲအောင်ပင်ဖြစ်ရသည်...။ထို့ကြောင့် အောင်မွန်က ဇိုင်းအပြင်သွားသည့် အကြောင်းအား အစောစိတ်မပူစေဖို့ စကားအလှသုံးကာ ပြောပြလိုက်သည်။ ထိုအခါမှ အစောတစ်ယောက် စိတ်အေးကာ ပြုံးနိုင်ရှာတော့သည်။
ဇိုင်းက ကားပေါ်မှ ဒယိမ်းဒယိုင်ဆင်းလာကာ ဂိုထောင်ဖက်က အခန်းဆီသို့ အသက်မပါသော ခြေလှမ်းများဖြင့် တအိအိလျှောက်လှမ်းနေလေသည်။ဤသည်ကို ခပ်လှမ်းလှမ်းမှ လျှောက်လာနေသည့် အောင်မွန်မြင်၍ လှမ်းနေသည့် ခြေလှမ်းတွေကို တိကနဲရပ်တန့်လိုက်သည်။အကြောင်းမှာ ကိုဇိုင်းမျက်နှာပေါ်က ရောင်ကိုင်းနေသော အခြေအနေတစ်ရပ်နှင့် ဒဏ်ရာတချို့ကို မြင်လိုက်၍ဖြစ်သည်။
အောင်မွန်က ဇိုင်း အပြင်သွားကာ ဘာဖြစ်လာမှန်း မသိသော်ငြား...
ဇိုင်း မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်များနှင့် ရောင်ရမ်းနေခြင်းများကို မြင်လိုက်ကာ စိတ်ပူပန်သွားသည်။ထို့ကြောင့် ဇိုင်းထံသွားဖို့ လှမ်းနေသည့် ခြေလှမ်းတို့အား နောက်ပြန်ဆုတ်လိုက်ကာ ဆေးသတ္တာယူရန်သာ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်...။
အောင်မွန်က ခေါင်းငုံ့ကာ မြေပြင်ကိုသာ ကြည့်လျှောက်နေခဲ့၍...အိမ်ထဲမှထွက်လာသည့် အစောကိုတော့ မမြင်ချေ..။
ထို့ကြောင့် ကိုယ့်ဇောနှင့်ကိုယ်မို့ အတွေးလွန်ကာ အိမ်ထဲမှ ထွက်လာသည့် အစောအား အောင်မွန်က ယောကျာ်းအားဖြင့် ဝင်တိုက်ချလိုက်မိသည်..။
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...