Part-20

2.1K 62 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်  (အပိုင်း ၂၀)
                                      

    "ကျွန်မ  လေညင်းခံတဲ့ အနေနဲ့လမ်းလျှောက် ထွက်လိုက်ဦးမယ်...ရှင်ဒီမှာပဲ စောင့်နေခဲ့...ကျွန်မ ပြန်လာခဲ့မယ်...."
         ငိုထားသဖြင့် အနည်းငယ်နှာသံပေါက်နေသော သူမ စကားအတိုင်း သူဘာတစ်ခွန်းမှ မတုံ့ပြန်ဖြစ်ပဲ ငြိမ်ငြိမ်ကြီးသာရှိနေခဲ့သည်။seat beltကိုခပ်မြန်မြန်ဖြုတ်ပြီး ကားပေါ်မှ ခပ်သွက်သွက် ဆင်းသွားသည့် သူမ ကျောပြင်ကိုတော့ သူ တစ်ချက်ငေးကြည့်မိသည်...။
        သူ စရောက်လာကတည်းက အမြင်မကြည်လို့ ပြဿနာအမျိုးမျိူး ရှာနေခဲ့သည့်သူမ ...၊စကားပြောရင် အထက်စီးဆန်ပြီး မိုးပေါ်ကမဆင်းသည့် သူမ...၊မာနကြီးသည် ဆိုတာထက် အပြောအဆိုမတတ်သည့် သူမ ...၊မူရင်းစိတ်ခံလေးက ကောင်းနေမှန်း သူသိရလို့သာ ဒီလောက်အထိ အချိန်အတော်ကြာအောင် အတူဖြတ်သန်းနိုင်ခဲ့ခြင်းသာ...
        အမှန်တော့ သူ့စိတ်ထဲ မယုံကြည်၍ သူမကို စိတ်ထင်ရာ စွတ်ပြောချလိုက်ခြင်းဖြစ်သည်...။
        တကယ့်တကယ် အရောင်ပြောင်းနေတယ်ဆိုရင်တောင် သူကော သူမနဲ့အတူ အလိုတူအလိုပါဖြစ်နေမလား...
         မိုမိုပြီးရင် သူ့အတွက် ဒုတိယမြောက်ရင်ခုန်ရသူက အစောပဲ...
         ဝန်ခံချက်အနေနဲ့ ပြောရရင် အစောက သူ့အတွက် ထူးစမ်းတယ်...
         တစ်ချက်တစ်ချက် အစောရဲ့ အမူအရာလေးတွေက မိုမိုနဲ့ သွားသွားပြီး ဆင်တူနေတယ်...
         တစ်ခါတလေဆို energy နဲ့ အငွေ့အသက်တွေကစ တကယ်ကို ဆင်တူနေတယ်...
         ဘာလဲ..အစောက ကံတရားရွေးချယ်ပေးတဲ့...
         သူ့အတွက် ဒုတိယမြောက် နှလုံးသားပိုင်ရှင်များလား....

🫧🪷🪷🪷🫧

         အစော လမ်းလျှောက်ဆိုပြီး ထွက်သွားခဲ့သည်က ယခုဆိုအချိန် (၂)နာရီမျှပင်ရှိနေပြီဖြစ်သည်...။
တော်တော်နှင့်ပြန်မလာသေးသည့် သူမကို အနည်းနှင့်အများတော့ သူစိတ်ပူလာခဲ့သည်။
            အစောတစ်ယောက် လမ်းလျှောက်ဆိုပြီး ထွက်လာသည်က ယခုဆိုကန်တော်ကြီးဝန်းကျင်ထဲတွင်ပင် မဟုတ်တော့....
         ကားများသွားလာနေသည့် လမ်းမကြီးဆီပင်ရောက်နေခြင်းဖြစ်သည်..။
          ရင်ထဲနေလို့မကောင်းသလို အသိစိတ်ပျံ့လွင့်နေသည့် အစောက ဇိုင်းပြောသမျှ နာကြင်ဖွယ်စကားတွေကို နားထဲတိုးလိုက်ကျယ်လိုက်ဖြင့် ပြန်ကြားယောင်နေရင်း...
         ကားလမ်းဖြတ်ကူးဖို့ကြိုးစားလိုက်ချိန်မှာတော့....
          
         "တီ!..တီ!!..."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now