Part-6

2.7K 100 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၆)
                                    
           နဖူးတွင်စိုနေသောချွေးများကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ရင်း အောင်မွန် အိမ်တော်အတွင်းသို့ ဝင်လာခဲ့သည်။limited brandနဲ့ စျေးကြီးပေ့ဆိုတဲ့ ပစ္စည်းတွေကိုမှ အကြိုက်တွေ့တဲ့ မမလေးဝယ် လာသမျှ အထုတ်အပိုးများကို မှာလိုက်တဲ့ စကားအတိုင်း ဒေါ်စိန်နှင့်အတူ အခန်းတွင်းသို့ အရောက်ထည့်ပေးခဲ့ပြီး၍ဖြစ်သည်။        

         "ပြန်လာပြီလား အောင်မွန်"

ရင်းနှီးသယောင်နေရှိပြီး ကြည်လင်ပျက်သားစွာ အေးစက်စက်ပြောလာသော ထိုအသံကဧည့်ခန်းဆီမှဖြစ်သည်။တုံ့ဆိုင်းမှုမရှိ လှည့်ကြည့်မိရာ တည်ကြည်သောမျက်နှာထားဖြင့် အရယ်အပြုံးမရှိသော ခပ်သန့်သန့်မျက်နှာနှင့်ဇိုင်းခန့်...
လူကိုစိုက်ကြည့်နေပြီး Black ရှူးစီးထားတဲ့ခြေထောက်တွေက သူ့ထံတရွေ့ရွေ့လျှောက်လာနေသည်။

        "ဟုတ်ကဲ့ ကျွန်တော်ပြန်လာပါပြီ ကိုဇိုင်းခန့်"

          မနေ့ညက ခြံထဲမှာ ဇိုင်းခန့်နဲ့အောင်မွန် စကားများစွာပြောဖြစ်ခဲ့ကြသည်...။သူ့အကြောင်း ကိုယ့်အကြောင်း အကုန်အစုံပေါ့ ...။နှစ်ဦးသား ထိုညကမှ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာမိတ်ဆက်ဖြစ်ကြသည်။သူ့အသက်ကိုယ်သိ /ကိုယ့်အသက်သူသိဖြင့် ယခုကဲ့သို့ အခေါ်အပြောအနေထားကို ပြောင်းလဲခဲ့သည်။

"အင်း...ဒါနဲ့ ဟို အစောဆိုတဲ့ ကောင်မလေးကော"

       အောင်မွန့်နောက်ကျောဖက်ကို ခေါင်းအနည်းငယ်စောင်းကာ မျက်လုံးစွေကြည့်ရင်းမေးလိုက်သည်။
       "ကောင်မလေး"ဆိုသော သူ့အပြောကြောင့် အောင်မွန်မှာ ပြူးကြောင်စွာအနည်းငယ်ဆွံ့အသွားသည်။အသက်၂၈ရှိပြီဖြစ်တဲ့ သူက အသက်၂၃နှစ်ရှိတော့မယ့်သူမကို "ကလေးမ"လို့ခေါ်တာဟာ အဆန်းတကြယ်ကိစ္စမဟုတ်...။ဇိုင်းခန့်ဆိုတဲ့ ထိုလူသားက သူတာဝန်ထမ်းဆောင်ရမယ့် နေအိမ်က လူတွေအကြောင်းကို ခရေစေ့တွင်းကျမဟုတ်ရင်တောင် သူ့နည်းသူ့ဟန်နဲ့သူ အသေအချာတော့ စုံစမ်းလေ့လာထားပြီးဖြစ်သည်။စုံစမ်းနေရင်းမှ အစောနဲ့အောင်မွန်ဟာ သူ့ထက်ငယ်သူတွေမှန်း သိရလျှင် သင့်တင့်သောအခေါ်အဝေါ်နှင့်အပြောအဆိုကိုပါ ပုံစံပြောင်းဖို့ ဆုံးဖြတ်ခဲ့သည်..။

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now