Part-15

2.1K 61 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၅)
                                      
"တီ တီ..."

"ရောက်လာပြီ ထင်တယ် "

       ခြံဝန်းအတွင်း ကားဝင်လာသည်နှင့် ဇိုင်းခန့်မှ ဦးစောမျိုးထွန်းအား ထွက်‌ကြိုလိုက်သည်။

"ဝန်ကြီးချုပ်..အကုန် အဆင်သင့်ဖြစ်နေပါပြီ ခင်ဗျ"

"မောင်ဇိုင်းခန့်...စားဖိုဆောင် အဝတ်အစားနဲ့ ဘယ်လို ဖြစ်တာလဲကွ"

"ဒီည Dinner ကို ကျွန်တော် ဂျပန်စတိုင်ဟန်ပန်နဲ့ ပြင်ဆင်ပေးထားချင်လို့ပါဗျ"

"ဟာ...အဲ့လိုတွေ မောင်ဇိုင်းခန့်လုပ်ဖို့ မလိုပါဘူးကွာ ၊ အောင်မွန် ‌မင်းကလဲ သက်သာရင် ပြီးရော ဆိုပြီး မောင်ဇိုင်းခန့်ကို လုပ်ခိုင်းရလားကွ"

"ဗျာ မဟုတ်...မဟုတ်ပါဘူး...ဝန်ကြီးချုပ်"

       ဝန်ကြီးချုပ်၏ ဆူငေါက်သံကြောင့် အောင်မွန့်ခမျာ မျက်နှာလေးဇီးရွက်လောက်သာရှိတော့ပြီး မော့ပင်မကြည့်ရဲပေ။ အလုပ်စလုပ်စဉ်ကတည်းမှစ၍ ဝန်ကြီးချုပ်၏ အာဏာနှင့် အရှိန်အဝါဟာ အစောတစ်ယောက် အပေါ်မှ လွဲ၍ အားလုံးသော အိမ်တော်ရှိလူများအပေါ်တွင် အတော် သက်ရောက် လွှမ်းမိုးထားခဲ့၍ဖြစ်သည်....။
       မျက်နှာငယ်လေးဖြစ်သွားသည့် အောင်မွန်ကြောင့် ဇိုင်းခန့်က ဦးစောမျိူးထွန်းအား ကြားဝင်ဖျန်ဖြေရသည်...။

"ဟို..အောင်မွန့် မှာ အပြစ်မရှိပါဘူး..။ကျွန်တော်ကသာ ဝန်ကြီးချုပ်ရဲ့ ဒီနေ့ည Dinner မှာ အထူးတလည်ဖြစ်သွားအောင်ဆိုပြီး တမင်ဝင်ကူချက်ခဲ့တာပါ၊ အောင်မွန်နဲ့ ဒေါ်စိန်က ကျွန်တော့ကို တားခဲ့ပါသေးတယ် ဒါပေမဲ့ ကျွန်တော်က ပြင်ဆင်ပေးချင်တာကြောင့် တားမရလို့ သူတို့ လက်လျော့လိုက်ကြတာပါ "

"နောက် အဲ့လို အပင်ပန်း မခံပါနဲ့ကွာ ၊ မင်းက မီးဖိုချောင်ဝင်ရမဲ့ လူမှ မဟုတ်ပဲလေ"

"အဟင်း..ရပါတယ် ဝန်ကြီးချူပ်..။ ဒါဆို..ဝန်ကြီးချုပ် ကျွန်တော့်ရဲ့ လက်ရာလေး မြည်းကြည့်ပြီး ဝေဖန်ပေးပါဦး"
             
        ဝန်ကြီးချုပ်က ပြုံး၍ခေါင်းညိတ်လိုက်ရင်း အနောက်တွင်ကျန်နေခဲ့သည့် အက်စ်ပီရိုအား လှမ်းခေါ်လိုက်သည်။

မာနလေးရဲ့ကိုယ်ရံတော်Donde viven las historias. Descúbrelo ahora