Part -26

2.1K 65 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၆)

(Kiss⚠️)

"လုံးဝပဲ..."

နှုတ်ခမ်းတစ်ဖက်တွန့်ကာ ခပ်ထေ့ထေ့ပြုံးရင်း မဲ့၍ပြောလိုက်သည်။ အစော ထိုစကားပြောပုံကို ဘဝင်မကျဖြစ်သွားသည်။

"ရှင် ရင်မခုန်ရအောင် ကျွန်မက ဘာချို့တဲ့နေတဲ့ မိန်းမ မလို့လဲ...မရဘူး ...ရှင် ကျွန်မကို ရင်ခုန်စေရမယ်..."

အစောက ထပြန်ဖို့ လုပ်တဲ့ ဇိုင်းရဲ့ လက်ကို လှမ်းဆွဲလိုက်ပြီး မျက်နှာချင်းနီးကပ်လိုက်ကာ ထက်လို့ နမ်းလိုက်ပြန် သည် ။သည်တစ်ခါတော့ အစောရဲ့အနမ်းတွေက နိုင်ငံခြားဆန်နေသည်။ ခပ်ဟဟဖြစ်သွားတဲ့ ဇိုင်းနှုတ်ခမ်းပါးတွေကို ကျော်လွန်ပြီး လျှာဖျားကို ထိုးသွင်းကာ ဇိုင်းရဲ့ လျှာတွေကို ပွတ်တိုက်လို့ စုပ်ယူလိုက်သည်။
ထိုခပ်ကြမ်းကြမ်း kissကြောင့် ဇိုင်း အစောကို အတော်လေး မျက်လုံးပြူးသွားသည်။တွန်းထုတ်ဖို့ တွေးလိုက်ပေမယ့် သူလဲ ဘာသားနဲ့ ထုဆစ်ထားတဲ့ ယောကျာ်းမို့လို့လဲ အနည်းဆုံးတော့ အစောလို လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အနမ်းချိုချို နဲ့ နှုတ်ခမ်းချိုချိုတွေအောက်မှ ကျရှုံးနှစ်သက်မိသေးတာပဲ...
နမ်းရှိုက်သော်လည်း ခံစားချက်ကင်းမဲ့နေသည့်သူက သူမအပေါ် တပ်မက်သည့်စိတ်တော့ လုံးဝဖြစ်မလာခဲ့ချေ။
ဤသည်က မာကြောတဲ့ သူ့စိတ်ကြောင့်လား...(သို့မဟုတ်) သူကပဲ သူမကို မချစ်မနှစ်သက် မိသေး၍လား...
စိတ်ကိုထိန်းချုပ်ထားနိုင်ပြီး အနမ်းတွေကိုတော့ တစ်ခဏမျှ အဆင်ပြေပြေ ဖလှယ်နေမိသည်။
တဖြည်းဖြည်း အစောဟာ ရဲတင်းလာလေပြီး တောင့်တမှု တစ်ခုပမာ ပြုမူပုံတွေဟာ သူမ၏ နဂိုပုံစံနှင့် ကွဲပြားလာလေသည်။ ပုံမှန်ဆို အသားထိဖို့မပြောနှင့် တကျက်ကျက်ရန်ဖြစ်နေသည့် သူမက ယခု သူ့ကို အတင်းအဓမ္မဆွဲဆောင်လွန်းနေသည်။ တစ်ခုခုတော့ မှားနေသည်ဟု သူတွေးလာမိစဉ်မှာပဲ သူမ လက်တွေက တဖြည်းဖြည်း သူရဲ့ ဘောင်းဘီ ဇစ်ဆီလျောဆင်းကာ ချဉ်းကပ်သွားချိန်မှာတော့....
သူ့ မျက်လုံးတွေ နဂိုထက် ပြူးကျယ်အံ့ဩသွားပြီး အစောကို တွန်းထုတ်ပစ်လိုက်သည် ။

မာနလေးရဲ့ကိုယ်ရံတော်Onde histórias criam vida. Descubra agora