(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၅)
(Kiss⚠️)လွန်ခဲ့သော ရက်ပေါင်းများစွာက ညတစ်ည၏ ဖြစ်ရပ်တစ်ခု....🍁🍁
ရောင်စုံစပေါ့မီးတွေ အောက်မှာ မြူးကြွတဲ့ Djအလန်းစားတွေနဲ့ စည်းချက်အလိုက် လူအများ လှုပ်လှုပ်ရှားရှား ကခုန်နေကြပြီး ထိုအနီးသို့ အသက် ၂၃အရွယ် မိန်းကလေးတစ်ဦးလျှောက်လာနေသည်။
သူမက ကော်ဖီရောင် ပခုံးကျော်ရုံ ဆံနွယ်လေးကို လှိုင်းတွန့်သဖွယ် အကောက်ဖော်ထားသည်။
body fit in ဖြစ်သည့် အဖြူရောင် အမွှေးပွ ကိုယ်ကြပ် အင်္ကျီ လေးကို ဝင်းမွှတ်တဲ့ ပခုံးသားနှစ်ဖက်ပေါ်အောင် ခွဲဟိုက်ဝတ်ဆင်ထားပြီး အောက်ကတော့ ဂျင်းစကပ် အပြာလေးနဲ့တွဲဖက်လို့ ဝတ်ဆင်ထားသည်။ဤသည်က
Style ကျပြီး ချစ်စရာကောင်းသလို လှပသည်။
ခန္ဓာကိုယ် အချိုးအစားကျနပြီး စည်းချက်နဲ့အတူ တလှုပ်လှုပ် ယိမ်းနွှဲ့လို့ ကနေတဲ့ သူမက လူအုပ်ထဲမှာ အထင်ပေါ်ဆုံးဖြစ်သည်။ ကနေတဲ့ လူအုပ်ထဲ အဖြူဆိုလို့ သူမ တစ်ယောက်သာရှိပြီး မူမမှန်တဲ့ ကကွက်တွေနဲ့ လူအများရဲ့ အထူးတလည် ငေးကြည့်ခြင်းကို ခံနေရသည်။
"ဟဲ့...ဟိုမှာ ကြည့်ဦး...သူဘယ်လိုတွေ ကနေတာလဲ ....""အေးဟယ်...ဘယ်လိုကြီးလဲ style မကျလိုက်တာ..."
"ဟွန့်...လာပါ 'မီ'ရာ ... ဒို့တွေ သူနဲ့ ဝေးတဲ့ ဟိုဘက်မှာပဲ သွားကကြမယ် ..."
"အေးအေး...သွားမယ်..သူနဲ့ရောပြီး ငါတို့ပါ လူတွေရဲ့နှာခေါင်းရှုံ့ တာကို ခံနေရမယ်..."
"အင်း...လာ..လာ"
နှာခေါင်း တရှုံ့ရှုံ့နဲ့ တီးတိုးပြောသွားတဲ့ ထိုမိန်းကလေး နှစ်ဦးရဲ့ စကားသံအပြင် လူအများရဲ့ အကြည့်တွေကိုပါ အစော သတိထားမိသည်။သို့သော် ဂရုမစိုက်အား ...။
ရင်ထဲ ခံပြင်းတဲ့ စိတ်က လောလောဆယ်မှာ လူကို ဝါးမျိုထားသည်။
ဖြစ်သလိုသာ ယိမ်းနွှဲ့လှုပ်ခါကာ ကနေတဲ့ အစောက Hotel မှာ ဇိုင်းခန့်ပြောတဲ့ စကားကို အစာမကျေဖြစ်ကာ အသဲပေါက်နေသည်။
"ဟွန်း...ဘာတဲ့...
'ငါက မင်းလို မိန်းကလေးကို သဘောမကျဘူး '....
အဟက်...ရယ်စရာကောင်းလိုက်တာ
သူ သဘောမကျရအောင် ငါက ဘာဖြစ်နေလို့လဲ မလှလို့လား ...
မွဲနေလို့လား...
ဒီက စစနောက်နောက်နဲ့ သူ့ကို မိန်းကလေးတန်မဲ့ သဘောကျတယ်လို့ ပြောမိတာကို...ဒါကို သူကများ အတည်ပေါက်နဲ့ သဘောမကျဘူးလို့ ငြင်းရသေးတယ်ပေါ့...
ဟွန့်.....ဘဝင်ရူး...။Daddy က သူ့ကို ဂျပန်ကနေ စျေးကြီးပေး ဝယ်ထားတယ် ဆိုပြီး ငါ့ကို အထက်စီးနဲ့ ဘဝင်လာမြင့်နေတယ်။F*k....ငါ့ကို ငြင်းရဲတာလည်း အံ့ဩတယ်..."

YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...