(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၈)
ခမ်းနားထည်ဝါမှုတို့ အပြည့်ဖြင့် ကြီးမားကျယ်ပြန့်သော အခန်းကြီးအတွင်းတွင် နံရံကပ်စာအုပ်စင်များ၊အဖိုးတန် ကျောက်ဆစ်ရုပ်ထုများနှင့် တန်ကျေးမြင့်မားသော ပန်းချီးကားချပ်များကို နောက်ခံ၍ အဝါရောင် ထွန်းလင်းနေသော မီးပန်းစိုင်ကြီး အောက်ရှိ ရွှေရောင်ကွတ်ထားသော ဆိုဖာခုံနီကြီးပေါ်တွင် လူသုံးဦး ထိုင်လျက် ကိစ္စတစ်ခုကို ဆွေးနွေးဟန်ရှိနေသည်။လူနှစ်ဦးက အပြန်အလှန် စကားပြောဆွေးနွေးနေကြပြီး ကျန်လူတစ်ဦးကတော့ ဘေးမှ အသာတကြည်နားထောင်နေသည်..။
"............................................."
"............................"
"ဟုတ်တယ်..။ မောင်ဇိုင်းခန့် ဒီလိုတောင်းဆိုတာက ဖြစ်သင့်ပါတယ်..။အန်ကယ်လည်း မောင်းဇိုင်းခန့်အတွက် အဲ့အချက်ကိုပဲ တွေးနေမိတယ်။ဒီ့အတွက် မောင်ဇိုင်းခန့် တောင်းဆိုမှုကို အန်ကယ်လက်ခံပါတယ်...""ကျွန်တော့်ရဲ့ တောင်းဆိုမှုကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်..."
"ဒါဆို..အောင်မွန် မနက်ဖြန်ကစလို့ (၇)ရက်ပြည့်တဲ့အချိန်အထိ ကျွန်တော့်ကို အသွားအလာ ယာဉ်လမ်းကြောင်းကိစ္စအတွက် ကူညီပေးပါဦး.."
"ဟုတ်ကဲ့..စိတ်ချပါ ။ကိုဇိုင်းခန့် (၇)ရက်မပြည့်ခင်အတွင်း ယာဉ်လမ်းကြောအခြေအနေ နဲ့ အခြားနားလည်ဖို့ လိုအပ်တဲ့ အရာတွေကိုပါ အားလုံးသိသွားအောင် ကျွန်တော်က အစွမ်းကုန်ကူညီမှာပါ "
"အဟင်း...ကျေးဇူးပါပဲ.."
.........................
ဇိုင်းခန့် ထိုနေ့မှစလို့ အောင်မွန့် အကူအညီဖြင့် မြန််မာနိုင်ငံ၏ ယာဉ်ကြောအခြေအနေကြောင်းကို သိရှိအောင် လေ့လာသင်ယူခဲ့သည်။အဓိက ကတော့ ရန်ကုန်ရဲ့ ယာဉ်ကြောလမ်းကြောင်းကိုဖြစ်ပြီး တခြားသိနားလည်ဖို့ လိုအပ်သည့်အရာမှန်သမျှကိုလည်း ပိုပိုလိုလိုလေ့လာခဲ့သေးသည်။
ထိုသင်ယူလေ့လာနေချိန်ကာလ၌ အစောကို နောက်ခန်းကထိုင်စေပြီး အောင်မွန်ကို ကားမောင်းစေလျက် သူကဘေးမှထိုင်ကာ ရန်ကုန်မြို့ရဲ့ လမ်းကြောကို လေ့လာရင်း အစောကိုဘေးကင်းအောင်စောင့်ရှောက်ခဲ့သည်။သို့ပေမယ့် တွေ့စကတည်းက အမြင်မကြည်တဲ့အစောက ဇိုင်းခန့်လုပ်သမျှ အရာအားလုံးကို အကောင်းမမြင်သလို အမြဲတမ်းလိုလို ကန့်လန့်တိုက် နှာခေါင်းရှုံ့ အပြစ်တင်နေခဲ့သည်။ ထို့ကြောင့်လည်း သူမနှင့်သူမှာလုံးဝမတည့်...။ကားရှေ့ခန်းနှင့်နောက်ခန်းကိုပင် အောင်မွန့်ကို ကြားခံလျက် အမြဲတမ်း အချေအတင်စကားများကြသည်။
ထို့အပြင် အောင်မွန့်အတွက် "ဩ"ချရလောက်သည်က ကားထဲမှာ စကားများရန်ဖြစ်ခဲ့သမျှ ကားပေါ်ကဆင်းလျှင် တစ်ဦးနှင့်တစ်ဦး ဘာရန်စမှမရှိထားသည့်အလား...။ခုဏက သူတို့မဟုတ်သည့်အတိုင်းပင်...။အေးဆေးတည်ငြိမ်လျက် အပြောင်းအလဲမြန်ဆန်လွန်းကြသည်။
အစောဆိုတဲ့ သူမက ကားပေါ်မှာ ကပ်ကပ်လန်အောင်အပြစ်ပြောရန်တွေ့ခဲ့သမျှ ကားပေါ်မှ ဆင်းလျှင်ပင် ပုံမှန်အနေအထားဖြင့် ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်စွာနေလေသည်။ဇိုင်းခန့်သည်လည်း ကားပေါ်မှာ သူမနှင့်အပြိုင်စကား အချေအတင်ပြန်ပြောခဲ့သမျှ ကားပေါ်မှ ဆင်းလျှင်ပင် သူမဟုတ်သည့်အတိုင်း သူမ အနောက်မှ တကောက်ကောက်လိုက်၍ သက်တော်စောင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လေသည်။
ထို့ကြောင့် အောင်မွန်မှာ သင်ယူရေးကာလအတွင်းပင် သူတို့နှစ်ဦး၏ အခြေအနေကို ကောင်းမွန်စွာရိပ်စားမိခဲ့သည်။ ဝန်ကြီးချုပ်ထံသို့လည်း သူတို့နှစ်ဦး၏ အခြေအနေကို သူသိရသမျှ တင်ပြခဲ့သည်။ နှစ်ဦးသား အခြေအနေက မတည့်သော်လည်း အဆိုးအဝါးကြီးမဟုတ်..။မတည့်အတူရှိနေလျက်ပင် စိတ်ချရသည့်အခြေအနေမို့ ဝန်ကြီးချုပ်မှာလည်း ဘာတစ်ခွန်းမှ အပြစ်မပြောပဲ စိတ်ချကျေနပ်စွာပင် လွှတ်ပေးထားခဲ့သည်။
ထို(၇)ရက်တာ လေ့လာသင်ယူရေး ကာလကို ကျော်လွန်၍ ...။
လုပ်သက်(၆)လတာ ကာလအတွင်းတွင်တော့...။
ဇိုင်းခန့် အစောအကြောင်း ကို မသိနားမလည်သေးသော....
သိနားလည်ဖို့ရန် စတင်ကြိုးစားရသော အစိမ်းသက်သက် သူစိမ်းတစ်ယောက်အနေဖြင့် သူမနဲ့ပတ်သက်လို့ - အဆင်မပြေမှုတွေ
- စိတ်ပျက်မှုတွေ
- သူမရဲ့ ဆိုးသွမ်းမှုတွေ
- အရွဲ့တိုက်တတ်မှုတွေ
- သူမကို ကာကွယ်ရင်း သူနှင့်ယောကျာ်းသားတချို့ ရန်ငြိုးရန်စဖြစ်ရတာမျိုးတွေ
- မျက်မြင်တွေ့ရှိရတဲ့ ပွေလီရှုပ်ထွေးလှတဲ့ သူမရဲ့ relationships အခြေအနေတွေ (ရည်းစားဆို ဟိုတစ်ယောက်နဲ့ မပျက်သေး ဒီတစ်ယောက်နဲ့ ပေါ်တင်ကောက်တွဲတတ်တာမျိူးတွေ)
- မိုးလင်းပေါက်ထိ Club တတ်ရတာကြိုက်တဲ့ သူမအနောက်ကို သူ မနှစ်မြို့စွာလိုက်လို့ စောင့်ရှောက်ပေးနေရတဲ့ အဆင်မပြေတဲ့ သူ့အခြေအနေတွေ
- သူမရဲ့ သူငယ်ချင်းနဲ့အပေါင်းအသင်းတွေကို စိတ်မပါသော်လည်း လူမှုအရ အလိုက်အထိုက်ပေါင်းသင်း ဆက်ဆံပေးနေရတဲ့ သူ့အခြေနေတွေ
- ရံဖန်ရံခါ သူမ အငွေ့ တထောင်းထောင်းနဲ့ ဆေးလိပ်သောက်တတ်တာကို မွန်းကြပ်စွာရှူရှိုက်ရင်း ရပ်ကြည့်နေရတဲ့ သူ့အခြေအနေတွေ
- သူငယ်ချင်းတွေနဲ့အတူ Alcohol ပါတဲ့အရာကိုမှ သူမ နှစ်နှစ်ခြိုက်ခြိုက်သောက်ခဲ့ပြီး ကားပေါ်ရောက်ခါမှ သူ့ဘေးမှာ ခွက်ထိုးခွက်လန် အန်ချတာမျိုးတွေ
- အိမ်မရောက်ခင် ကားပေါ်မှာတင် မူးရူးအိပ်ပျော်နေတတ်ပြီး သူမရဲ့ရဲတွတ်နေတဲ့ မျက်နှာပြင်က အိပ်မက်ယောင်သလို တရှုံ့ရှုံ့ငိုကြွေးနေတတ်တာမျိုးတွေ....
- ...../....../.....စသည် စသည်ဖြင့် သူမနဲ့ ပတ်သက်လို့ အများကြီး အများကြီးကို သူသိရှိနားလည်လာခဲ့ရသည်......။
အစောက ဇိုင်းခန့်ကို တွေ့စကလောက် အပြစ်တင် ပြောဆို / ရိုင်းစိုင်းတာမျိုးတွေ မရှိတော့သော်လည်း ယခု အချိန်ထိ သူမနှင့်သူက မတည့် တကျက်ကျက်စကားများ နေကြတုန်းပင်...။
_________________
(In Japan .... 🇯🇵)
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...