(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၂)
မရောက်ဖြစ်တာ နှစ်ဆယ်ချီကြာပြီဖြစ်တဲ့ ဒီအိမ်လေးက အစောအတွက်တော့ လွမ်းစရာအမှတ်တရတွေ ချည်းနဲ့ပင်။
ဟိုအရင်က နွေရာသီဆို ရောက်ရောက်လာတတ်သည့် ၁၃နှစ်အရွယ် အစောကို ယခု အသက် ၂၅နှစ်ကျော်ကာမှ ပြန်တွေ့ရ၍ ဦးတိမ် နှင့် ဒေါ်ဒေါ်တို့မှာ မျက်မှန်းတန်းမိခြင်းမရှိခဲ့ကြချေ...။
အစောလေးဟူသည့် နာမည်ကိုသာ မှတ်မိနေကြသည့် သူတို့က လူကိုမြင်တော့ အတော်အံ့ဩသွားကြသည်။
တည်ငြိမ်နေတဲ့ မျက်နှာလေးက ဘာမှ မလိမ်းခြယ်ထားပဲတောင် နုဖပ်ကာ အဆုံးထိလှပနေလေသည်..။လက်စကရှိတဲ့ အဖြူရောင်ကုတ်အင်္ကျီကို အောက်ကအနက်ရောင် တစ်ကိုင်းကြိုးဖြင့် တွဲဖက်ဝတ်ဆင်ထားပြီး အောက်က style pantအရှည် အဖြူရောင်လေးဝတ်ဆင်ထားသည့် သူမက ကားပေါ်မှ ဆင်းလာကတည်းက အားလုံးထဲတွင် အထင်ပေါ်ဆုံးဖြစ်လေသည်။သူမ အပြင် ဒုတိယ အထင်ပေါ်ဆုံးက အန်ဝင်နှင့်ဇိုင်းခန့် သာဖြစ်သည်။
ဦးတိမ်နှင့် ဒေါ်ဒေါ်မှာ သူမအား ငယ်ငယ်ကထက်ပင် ပိုလှလွန်းလာသဖြင့် ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီးမှသာလျှင် မှတ်မိဖွယ်ရှိသွားခဲ့ကြသည်။
အောင်မွန်နှင့် ဒေါ်စိန်က အစောရဲ့ အိတ်နှင့် ပစ္စည်းတချို့ကို နေရာသေချာချထားပေးပြီးသည်နှင့် ဦးတိမ်နှင့်ဒေါ်ဒေါ်အား နှုတ်ဆက်ကာ အိမ်တော်သို့ အရင်ပြန်သွားခဲ့ကြသည်။
ဇိုင်းနှင့် အန်ဝင်ကတော့ အစောအပြင် အိမ်စောင့်အဖြစ် နေလာတာ သက်တမ်းကြာပြီဖြစ်သည့် ဦးတိမ်နှင့် ဒေါ်ဒေါ်အား စကားစမြည်ပြောကြရင်း ကျန်နေခဲ့သည်...။
ဦးတိမ်နှင့်ဒေါ်ဒေါ်က တောသူတောင်သားဖြစ်၍ စကားပြောနေရင်းမှ တစ်ခါတစ်ခါ အဓိပ္ပာယ်တူသည့် စကားပုံတချို့ကို ညှပ်၍ပြောလျှင် အန်ဝင်မှာ မြန်မာစကားပုံတွေရဲ့ အဓိပ္ပာယ်ကို နားမလည်၍ တစ်ချက်တစ်ချက် ကြောင်အန်းအန်းဖြင့် ပြုံးပြယုံမျှရှိနေခဲ့ရသည်...။
အစောက အန်ဝင်အဖြစ်ကို သတိမမူမိသော်ငြား...အနီးကပ်ထိုင်နေရသည့် ဇိုင်းကတော့ အန်ဝင်အဖြစ်ကို ဘေးကနေ ရိပ်စားမိခဲ့သည်။သို့သော် ဇိုင်းက လှောင်ပြောင်ခြင်းမရှိ...။ အန်ဝင် နားလည်လွယ်စေရန်သာ ဘေးမှ မသိမသာဖြင့် စကားဝင်ထောက်ကာ ပြောပြပေးခဲ့သည်။
အန်ဝင်ကိုယ်တိုင်လည်း ထိုအခြေအနေကို ရိပ်စားမိဟန်ရှိခဲ့သည်။သို့အတွက် ဇိုင်းရဲ့စိတ်ဓာတ်ကို သူစိတ်ထဲမှ ကြိတ်၍ ချီးကျူးနေခဲ့သည်။သို့သော် တစ်ဖက်တွင် အစောနှင့်ပတ်သက်၍တော့ သူ ဇိုင်းကို တစ်စက်ကလေးမျှ စိတ်ကြည်လင်ခဲ့ခြင်း မရှိခဲ့ချေ...။
••••
ပြန်ချိန်တန်ပြီဖြစ်၍ ဇိုင်းနှင့် အန်ဝင်မှာ ထိုကြည်နူးဖွယ် စကားဝိုင်းလေးအား လက်စသက်လိုက်ကြသည်။ထို့နောက် ဦးတိမ်နှင့်ဒေါ်ဒေါ်အား ပြန်တော့မည်ဖြစ်ကြောင်း အန်ဝင်နှင့် ဇိုင်းမှ နှုတ်ဆက်လိုက်သည်...။
အစောကလည်း ပြန်တော့မည့် အန်ဝင်နှင့် ဇိုင်းအား ကားရပ်ထားသည့် ခြံရှေ့ဆီသို့ အတူလိုက်ပါကာ ပို့ဆောင်ပေးခဲ့သည်။
မလှမ်းမကမ်းမှ ရပ်ထားသည့် ကားကို မြင်ရလျှင် အန်ဝင်က အစောဘက်ကိုလှည့်၍...
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...