Part-27

2K 59 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂၇)

(💋💋💋)

ဦးတိမ်နှင့်ဒေါ်ဒေါ်တို့ လင်မယားမှာ နေရပ် ရွာလေးဆီသို့ အလှူကိစ္စဖြင့် ခရီးထွက်သွားကြပြီဖြစ်သည်။ ထို့ကြောင့် ဇိုင်းတစ်ယောက် Apronဖြင့် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသလို အစောအတွက် နံနက်စာပြင်ဆင်ပေးနေခြင်းလည်း ဖြစ်သည်။
နူးညံ့တဲ့ ဂျုံနုပေါင်မုန့်နှစ်ခုအလယ်မှာ Chocolateအနှစ်ကို ဓားဖျားဖြင့် ခပ်ပါးပါးသုပ်ပြီး ပေါင်မုန့်နှစ်ချပ်ကို သေချာလေး ဖိကပ်ကာ ကင်စက်ထဲ ထည့်လိုက်သည့် ဇိုင်း....
အဆင်သင့်ဖျော်ကာ ရေခဲသတ္တာထဲ အအေးခံထားသော လတ်ဆတ်သည့် လိမ္မော်ရည်ဖန်ချိုင့်ကို ထုတ်ကာ ဗန်းပေါ်တင်၍ ဖန်ခွက် သုံးခွက်နှင့်အတူ စားပွဲပေါ်ချလိုက်သည်။ထို့နောက် ပေါင်မုန့်မီးကင်စက်ထဲမှ ထခုန်လာသည့် ပေါင်မုန့်တွေကို ပန်းကန်ပြားထဲသို့ ညှပ်ဖြင့် သိမ်းယူနေစဉ်....
နောက်ကျောဖက်မှ တစ်စုံတစ်ယောက်ဟာ သူ့ထံသို့ တိုးကပ်လာခြင်းအား နံရံအရိပ်မှတစ်ဆင့် မြင်လိုက်ရ၍ သတိကြီးစွာဖျတ်ကနဲ အနောက်သို့ ကာကွယ်ဟန်ဖြင့် လှည့်ကြည့်လိုက်မိရာ...

"ဒုတ်..."

"အ...အဟင့်..."

"ဟာ...အစော!..."

ငိုသံလို အသံ သေးသေးလေးထွက်သွားတဲ့ သူမက ဇိုင်းရဲ့ တံတောင်ဆစ်နဲ့ နှုတ်ခမ်းထောင့်ကိုခိုင်းမိသွားကာ နာကျင်သွားခြင်းဖြစ်သည်..။

"အဟင့်...ကိုဇိုင်း ဘယ်လိုလုပ်လိုက်တာလဲ..."

"ဟာ!..Sorry...Sorryပါ အစောရာ...။အစောက အနောက်ကနေ အသံမပေးပဲ လာတာကိုး...။အဲ့ဒါ ကိုက ရုတ်တရက်ဆိုတော့ အန္တရာယ်ပေးမယ့် သူ လာတယ်ထင်လို့ပါ...။ကဲ..ကိုယ့်ကို ပြပါဦး..။ဘယ်နားခိုင်းမိသွားလဲ..."

"အဟင့်...ဘယ်နားခိုင်းမိရမှာလဲ..သူ့ တံတောင်ကြီးနဲ့ နှုတ်ခမ်းကို လာရိုက်တာ သိရဲ့သားနဲ့ မေးနေတယ်.."

"ဟုတ်ပါတယ် အစောရဲ့...ကိုတောင်းပန်ပါတယ်..။ကို စိတ်ပူလို့.. ခိုင်းမိသွားတဲ့ နေရာလေးပြပါဦး..."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now