Part-1

17K 266 4
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁)

          အဝေးပစ် လေ့ကျင့်ရေး
သေနတ် ကွင်းထဲတွင် ဇိုင်းခန့်တစ်ဦးသာ ရှိနေသည်။
           Coverမျက်မှန်အကြည်ကို တပ်ဆင်ထားတဲ့ ဇိုင်းခန့်၏ အကြည့်စူးစူးတို့က မှန်သားကို ကျော်လွန်၍ ...

           ပစ်မှတ်အလယ်ဗဟို ဦးတည်ချက်တည့်တည့် ဖြောင့်ချက်ကျစွာ ချိန်ရွယ်ထားလို့ လက်ညိုးကို ကွေးချလိုက်သည်။

             "ဒိုင်း....."

          အသံလှိုင်းနှင့်အတူ ကျည်ဆန်က ပစ်မှတ် အလယ်ဗဟိုကို လွယ်ကူစွာ ထိုးဖောက်ထွက်သွားသည်။
         ကျေနပ်မှု မရှိသေးတဲ့ ဇိုင်းခန့်က  မောင်းထပ်တင်ကာ ပစ်မှတ်ကို အလွတ်ချိန်ရွယ်လို့ ဆန့်ကျင့်ဘက်အရပ်ကို မျက်နှာမူလိုက်သည်။ ဇိုင်းခန့် အဆင်သင့် ဖြစ်သည်နှင့် လေ့ကျင့်ရေးကွင်းတစ်လျှောက် အလျားလိုက် တန်းစီထားသမျှ ပစ်မှတ်အားလုံးကို ခြေတစ်လှမ်းချင်း လှမ်းကာ ဟန်ချက်မပျက် ဆက်တိုက်မောင်းတင်လို့ ပစ်ခတ်သွားသည်။

                "ဒိုင်း..ဒိုင်း..ဒိုင်း...."

         သေနတ်သံများ လေ့ကျင့်ရေးကွင်းအတွင်း ဆူညံသွားပြီး နားခိုနေသည့် ငှက်တွေတောင် မိုးပေါ်သို့ ပြန်တတ်သွားကြသည်။
             ပစ်မှတ်တွေ၏ အဆုံးတွင် ဇိုင်း ခန့် ခြေစုံရပ်လိုက်သည်။ ပစ်ခဲ့သမျှ ကျည်ဆန်တွေအားလုံးက ပစ်မှတ်အလယ်ဗဟိုကို  လွယ်ကူစွာပဲ ဖောက်ထွက်သွားကြသည်။
          ဇိုင်းခန့် Cover မျက်မှန်ကို ဆွဲချွတ်လိုက်ပြီး ညိုပြေပြေရှိတဲ့ နှုတ်ခမ်းသားတွေကို တစ်ဖက်တည်းတွန့်လို့ ပြုံးလိုက်သည်။
            အနက်ရောင်  Crystal ကျောက်လို ပြောင်လက်နေတဲ့ လက်က နာရီကို ငုံ့ကြည့်တော့ စံတော်ချိန်အားဖြင့်  ညနေ ၄နာရီထိုးဖို့ ၁၀မိနစ်သာလိုသည်။
             အထက်အရာရှိ မူစန်က ၄နာရီခွဲ အစည်းအဝေးခေါ်ထား၍ ဇိုင်းခန့် လက်ရှိအလုပ်ကို လက်စသတ်ကာ အချိန်မီ သွားဖို့ ပြင်ဆင်လိုက်သည်။
              သည်နေ့ အတွက် လေ့ကျင့်ရေးကတော့ သည်လောက်ပင်....။

                  ______***______

         ဆံပင်အနောက်လှန်ကာ ဖြီးလိမ်းထားတဲ့ ဇိုင်းခန့်ရဲ့ ချောမောသော ရုပ်အသွင်နဲ့ စမက်ကျနေမှုကြီးက အံ့မခန်းပင်....။
           အစည်းအဝေးရှိသည်မို့ အားလုံးသော အဖွဲ့သားများက ယခုချိန်ဆို အစည်းအဝေးခန်းမှာ နေရာယူလောက်ပြီး ဖြစ်သည်။
               အစည်းအဝေးခေါ်ထားပါလျက် လေ့ကျင့်ရေးကွင်းကို တစ်ယောက်တည်း တစ်မူထူးပြီးသွားခဲ့တဲ့ ဇိုင်းခန့်
             ယခုတော့ အစည်းအဝေးခန်းဆီကို ခြေလှမ်းကျဲတွေနဲ့ အမြန်လျှောက်လှမ်းနေရသည်။ 
              အစည်းအဝေးခန်းဆီရောက်သည်မို့ အခန်းတံခါးကို ဆွဲ၍ဖွင့်လိုက်ရာ....
              "ဂျောက်.."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now