(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၂)
(Kiss⚠️)
(စာသားတချို့ ပြောင်းလဲရေးသားထားပါသည်)အထူး Mission နေ့
_______________
တာဝန်ချိန်ထက် ပိုစောထလို့ ပြင်ဆင်နေသည့် ဇိုင်းခန့်...
အဆုံးသတ်အနေနှင့် လည်ကပ်တိုင်ကို မလျော့မတင်းလေး ဆွဲတင်လိုက်သည်။
အရာရာ သစ်လွင်တောက်ပခြင်းတွေထက် ခန့်ညားသပ်ရပ်ကာ စမက်ကျနေသည်။ တာဝန်အတွက် ဇိုင်းခန့်သွားဖို့ အဆင်သင့်ပင်။
အိမ်အပေါ်ထက်မှ သားနားသန့်ပြန့်စွာ ဆင်းလာသည့် ဇိုင်းခန့်ကို ဒေါ်ခီရီမြင်တော့..." မင်္ဂလာနံနက်ခင်းပါ သားရေ။အလုပ်ကို တန်းသွားတော့ မလို့လား"
ဒေါ်ခီရီက နှုတ်ဆက်ရင်း မေးလိုက်သည်။" ဟုတ် မေမေ ။ ဒီနေ့က (၃)ရက်နေ့ အထူးမစ်ရှင်လေ ခါတိုင်းထက် ပိုစောသွားမှ ရမယ်...."
"ဒါဆို မနက်စာ စားမသွားတော့ဘူးပေါ့ သား ..."
"သားနောက်ကျနေမှာစိုးလို့ မစားတော့ဘူးမေမေ ..."
ထိုသို့ပြောလျှင် ဒေါ်ခီရီက နံနက်စာစားပွဲပေါ်ရှိ ပန်းကန်ပြားထဲမှ အသင့်ထုပ်ပိုးထားသော ပေါင်မုန့်လုံး သုံးခုကို ကောက်ယူကာ သားဖြစ်သူထံ လျှောက်လာရင်း လက်ထဲသို့ ထည့်ပေးလေသည်။
"ဒါ သား လမ်းမှာ အစာပြေ စားဖို့ ယူသွား..."
"အိုရာ...ရေခဲသတ္တာထဲက ရေသန့်တစ်ဘူးယူခဲ့ပေးပါ..."
"ဟုတ်ကဲ့...သူဌေးကတော်.."
............
"သူဌေးကတော် ရေသန့်ဘူးရပါပြီ"
"အင်း..လုပ်စရာရှိတာ သွားလုပ်တော့""ဟုတ်ကဲ့.."
"ဒါက သား ကားမောင်းရင်း ရေဆာရင် သောက်ဖို့ယူသွား..."
ဒေါ်ခီရီက ထိုရေသန့်ဘူးကိုပါ ဇိုင်းခန့် လက်ထဲထည့်ပေးရင်း ပြောလိုက်သည်။
လက်ထဲကို ထည့်ပေးလာတဲ့ ရေသန့်ဘူးနဲ့ပေါင်မုန့်ထုပ်တွေကို ဇိုင်းခန့် တစ်ချက်ငုံ့ကြည့်လိုက်ပြီး...
မိခင်မျက်နှာကို ပြန်မော့ကြည့်လိုက်ကာ ပီတိဖြစ်စွာ ပြုံးလိုက်ရင်း..
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...