Part-18

1.8K 54 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်  (အပိုင်း ၁၈)
                                      

"အိမ်ပြန်ရအောင်..."

"ဟင့်အင်း...မပြန်ဘူး..ကျွန်မကို ချစ်လားဟင်.."

         ဘယ်လက်က သူ့ခါးကို သိုင်းဖက်ထားပြီး ညာလက်က သူ့အင်္ကျီစလေးကို ကျစ်ကျစ်ပါအောင် ဆွဲယူကာ မေးနေသည့် သူမ မေးခွန်းအပေါ် မှာသူ မဖြေနိုင်ပါ...။သူ့ရင်ထဲမှာ ရှိနေသည့် နှလုံးသားအရှင်သခင်ဟာ မိုမို သာဖြစ်သည်။ မိုမို ဆုံးသွားတာ ယခုနှင့်ဆို ၄နှစ်ကျော်တောင် ကြာခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိလည်း မိုမို အမှုကိစ္စအတွက် သူ့ကိုယ်သူ လိပ်ပြာမလုံသလို...အပြစ်ကြီးရှိနေသည်ဟုသာ ခံစားနေရသည်..။ ထို့ကြောင့် အစောစကားကို သူ လက်မခံနိုင်သလို ဒီကောင်မလေး သူ့ကို မူးပြီး ပါးစပ်ထဲရှိရာ လျှောက်ပြောနေသည် ဟုသာထင်သည်...။
        
    "လာပါ ..ပြန်ကြမယ်..."

    "ဟင့်အင်း ..ကိုဇိုင်း..မေးတာဖြေပါ ..အစောကို ချစ်လားဟင် ..."

   "မင်းအတော်မူးနေပြီ...အစော"

           ထိုသို့ပြောလိုက်သည့် သူ့မျက်နှာက အစောအပေါ်မှာ ခပ်တင်းတင်းဖြစ်သည်။တကယ်တော့ အစော သူ့ကို  အတင်းနမ်းပြီး ချစ်ကြိုက်စကားပြောနေ၍ သူစိတ်ဆိုးနေခြင်းဖြစ်သည်။
           မနေ့တစ်နေ့ကမှ သူမ တွဲနေသည့် ရည်းစားနှင့်ပျက်စဲခဲ့ပြီး ယနေ့ကြသူ့ကို အရက်မူး၍ ချစ်တယ်လို့ ပြောလာသည်။ဒါဟာ သူ့အတွက် တကယ်ကို သဘာဝမကျပြီး သူ သဘောမကျသည့် ဖြစ်ရပ်ဖြစ်သည်။ထို့အပြင် သူမ သူ့ကို နမ်းလိုက်သည့် ဤနေရာက လူရှင်းနေ၍ တော်သေးသည်။
             အရမ်းမူးပြီး ရစ်နေသည့် သူမကို သူအတတ်နိုင်ဆုံး သည်းခံချော့မော့ကာ အိမ်သို့ ပြန်ခေါ်ခဲ့ရသည်..။စိတ်တွေလည်း အတော်ညစ်ရသည်။တစ်လမ်းလုံး ပါးစပ်က 'ချစ်တယ်'ချည်း တဖွဖွနားပူအောင်ပြောနေခဲ့ပြီး...အိမ်တော်ကို ပြန်ရောက်သည် အထိ ထိုအတိုင်း ပြောနေခဲ့သည်။ထို့ကြောင့် ဇိုင်း သူမ အခန်းသို့ တွဲပို့ပေးရာတွင် သူမ ပါးစပ်ကို လက်ဖြင့် ပိတ်အုပ်၍ အခန်းထဲသို့ တွဲပို့ပေးရသည်။ထိုအဖြစ်ကြောင့် ဒေါ်စိန် အပါအဝင် အိမ်တော်ရှိ အစေခံများမှာ သူတို့ နှစ်ဦးအား နားမလည်နိုင်စွာ မျက်လုံးပြူးများဖြင့် ဝိုင်းကြည့် နေခဲ့သည်။
           
       "ဇိုင်း..."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now