Part-3

4K 122 1
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၃)

              သာ‌ယာသော နေ့သစ်၏ နံနက်ခင်းလေးတစ်ခုတွင်  တကျည်ကျည် ငှက်မြည်သံလေးများက နားထဲသို့ ဖြည်းညင်းစွာ တိုးဝင်လျက်...
             ငှက်ကလေးများက ပြတင်းပေါက်မှ အိမ်စက် နားခိုရာဆီသို့ ကူးလူးပျံဝဲနေကြသည်...။
                 လိုက်ကာကြားမှ တစ်စစတိုးဝင်လာသော နေရောင်ခြည်ကြောင့် ကြည်လင်စွာ အိပ်စက်နေသည့် မျက်ဝန်းတစ်စုံမှာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။မျက်ခွံကို ပွတ်သပ်လိုက်ရင်း မိုမို တစ်ယောက် စိတ်ကြည်လင်စွာ နိုးထလာသည်။ နိုးနိုးချင်း စားပွဲခုံပေါ် တင်ထားသော လက်ကိုင်ဖုန်းအား  ကောက်ယူကာ ချစ်သူနှင့်တွဲရိုက်ခဲ့‌သော ဓာတ်ပုံများအားကြည့်ရင်း ပြုံးမိသည်။
                 လက်ထပ်ခွင့်တောင်းသော ဖြစ်ရပ်အား မျက်လုံးထဲပြန် မြင်ယောင်ကာ ပြုံးစေ့စေ့ဖြစ်နေတဲ့ သူမလေးက lollipop 🍭 ရလို့ အပျော်လွန်နေတဲ့ ကလေးတစ်ယောက်လိုပင်....။
              ကြည်နူးမှုတွေနဲ့ အချိန်အတော်ကြာအောင် အိပ်ယာထဲက မထနိုင်ဖြစ်နေတဲ့သူမက ⏰စားပွဲတင်နာရီကို ကြည့်မိတော့မှ စိတ်ကူးယဉ်နေသည်များ ရပ်တန့်သွားသည်။ ထို့နောက် စားပွဲပေါ်ဖုန်း ပြန်တင်ကာ ရေချိုးခန်းဆီသို့  လျှောက်သွား လိုက်သည်။
                 🛁🛀🏻..........👄💄
               Skincare အဆင့်ဆင့်လိမ်းလို့ ခြယ်သပြင်ဆင်ပြီးသွားသည့် မိုမိုမျက်နှာလေးမှာ ပြုံးရိပ်တို့ဝေဆာလျက်ရှိနေပြီး အင်္ကျီ အမြန်လဲလိုက်ကာ သွက်လက်သော ခြေလှမ်းများဖြင့် အိမ်အောက်ထက်ဆီသို့ ဆင်းလာခဲ့လိုက်သည်။

"သမီး မိုမို မျက်နှာလေးက ခါတိုင်းထပ် ကြည်လင်ပြီး ပျော်နေပါ့လား"

      မိခင်ဖြစ်သူ ပြောလာသော စကားကြောင့် မိုမိုပြုံးစေ့စေ့ဖြင့်...
လွန်ခဲ့သော နှစ်ရက်ခန့်က ဖြစ်ရပ်ကို ဖွင့်ပြောပြရန် အစချီလိုက်တော့သည်။

"မေမေ..."

"အင်း...ပြော​လေ.."

"အဟီး...ရှီတိုက သမီးကို (၅)ရက်နေ့က Ueno ပန်းခြံမှာ လက်ထပ်ခွင့်တောင်းခဲ့တယ် ..."

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now