(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၁၄)
"ကျွန်မ ဆိုင်ကို မောင်းပေးပါ"
"ဆိုင်က ဘယ်ဆိုင်ကို မောင်းရမှာလဲ"
"ကျွန်မ လုပ်ငန်း လုပ်တဲ့ ဆိုင်ကိုပေါ့..။ဪ...Sorry...။ရှင်..မသိလောက်ဘူး...။ကျွန်မ လမ်းညွှန်ပေးမယ် ဒီကနေ ကားအမြန်ထွက်တော့..."
အစောက အက်စ်ပီရို ဆိုင်အပြင်သို့ ထွက်လာနေသည်ကို မြင်၍ ကားအနားသို့ ရောက်မလာမီ ဤနေရာမှ အမြန်ထွက်ခွါဖို့ အလျင်လိုနေခြင်းဖြစ်သည်...။အစော ဖွင့်ထားသောဆိုင်မှာ branded အထည်ဆိုင်တစ်ခု ဖြစ်ပြီး Junction Center second floor တွင် ဝန်ထမ်း ၇ဦးဖြင့် ဖွင့်ထားခြင်းဖြစ်သည်။ ဆိုင်တွင် နိုင်ငံခြားမှ လာသော branded ပစ္စည်းကောင်းမျိုးစုံကို ခင်းကျင်းပြသထားလျှင် အရည်အသွေးနှင့်ဈေးနှုန်းများကတော့ လူကုံထံတို့ အကြိုက်ပင်...။ သူဌေးတွေသာ ခြေဦးလှည့်ဝယ်နိုင်မည့် ပစ္စည်းများသာ တင်ထားသည့် ယခုဆိုင်လေးက မကြာသေးခင်က ဆိုင်ခွဲ -၂အဖြစ် ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး မန်နေဂျာခေတ်သွယ်ကို လက်လွှဲထားခြင်းဖြစ်ခဲ့သည်...။
သူမက ဆိုင်တွေကို လူကိုယ်တိုင်သွားရောက် ဦးစည်းခြင်းထက် Online ပေါ်မှ ထိန်းချုပ်ခြင်းကပိုများသည်...။ လ အပိုင်းအခြားနှင့်တော့ ဆိုင်သို့သွားတတ်ကာ ဝန်ထမ်းတွေရဲ့ Customer service ကို ဝယ်သူအဖြစ် ဟန်ဆောင်၍ စစ်ဆေးတတ်ပြီး
အချိုးမပြေလျှင်တော့ ချက်ချင်းအလုပ်ထုတ်ပစ်တတ်သည်..။ကိုယ်တိုင်က အချိုးမပြေသည့် style သာနေသော်လည်း စီးပွါးရေးအရ လူမှုဆက်ဆံရေးကိုတော့ ကြည့်တတ်သေး၍ တော်သည်ပြောရမည်။၂၀ကျော်လူငယ်ဖြစ်ပြီး အပျော်အပါးဘက်ကို အားသာတဲ့သူမက ခေတ်ရေစီးကြောင်းနှင့်အညီနေတတ်ပြီး ကံကောင်းစွာ နောက်လိုက်ကောင်းနှင့် လက်ထောက်ကောင်းကို ပိုင်ဆိုင်ထား၍ စီးပွါးဘက်တွင် အသင့်အတင့် အောင်မြင်မှုများရှိနေခဲ့သည်။
သူမက စီးပွါးရေးတွင် မသမာမှု နှင့် သစ္စာဖောက်မှု မပြုချင်အောင်ပင် ထိုလက်ထောက်နှင့် နောက်လိုက်များကို ပေါပေါသီသီထောက်ပံ့ပေးထားသည်။ရှင်းရှင်းပြောရလျှင် အရာရှိစစ်ဗိုလ်တွေ ကိုယ့် လက်အောက်ငယ်သားကို "အဘ..အဘ နှင့် တသသဖြစ်အောင်" အပိုင်ချုပ်ချည်ထားတဲ့ အကွက်မျိုးပေါ့...။
အစောရဲ့ လမ်းညွှန်ပြသမှုတွေနဲ့ Branded ဆိုင်လေးရှိရာနေရာသို့ မောင်းလာခဲ့တဲ့ ဇိုင်းခန့်က Security လေးကမ်းပေးသော လက်မှတ်ကိုလှမ်းယူ၍ ကားပါကင်ထိုးလိုက်သည်...။
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...