(Unicode)
မာနလေးရဲ့ ကိုယ်ရံတော် (အပိုင်း ၅)
၁၀ပေ လောက်ရှိသည့် အဖြူရောင် ကျွန်းခုံကြီးပေါ်တွင် ဖွယ်ဖွယ်ရာရာ ဟင်းပွဲအစုံအလင် ခင်းကျင်းပြင်ဆင်ပြီးဖြစ်သည်။ဟင်းပွဲပေါင်း ၂၀လောက်ရှိမည်ထင်သည်။
ခါတိုင်းနေ့များတွင် ပုံမှန်ချက်သည်က ဟင်း၁၀ပွဲမျှသာ...။ယနေ့ကတော့ ဂျပန်က Bodyguard ကို ကြိုဆိုဧည့်ခံသည့် အနေဖြင့် အိမ်တော်ကချက်ပြုတ်သည့် မြန်မာဟင်းလျာတွေအပြင် ရန်ကုန်နာမည်ကြီး ဂျပန်စားသောက်ဆိုင်မှ အထူးတလည်မှာထားသည့် ဟင်းပွဲများလည်း ပါဝင်နေသည်။"ဝန်ချုပ်ရှင့် အားလုံးပြင်ဆင်ပြီးပါပြီ ။ညစာစားဖို့ ဟို..ဂျပန်ကကိုယ်ရံတော်လေးကို သွားခေါ်လိုက်ရတော့မလားရှင့်"
"အင်း..."
"ဟုတ်ကဲ့..."
'အင်း'ဟူသော ဦးစောမျိုးထွန်း၏ အသံကြောင့် ဒေါ်စိန်ကြည် အိမ်အပေါ်ထက် အခန်းတွင်ရှိနေသည့် ဇိုင်းခန့်ကို သွားခေါ်ရန် ခြေလှမ်းပြင်လိုက်သည်။
"နေဦး...""ရှင်!..ဟုတ်ကဲ့"
ဦးစောမျိုးထွန်းမှ လက်ကာပြ၍ ဟန့်တားသောကြောင့် ဒေါ်စိန်ကြည်လှမ်းနေသော ခြေလှမ်းများရပ်ဆိုင်းသွားသည်။ဦးစောမျိုးထွန်းက သူ၏ညာဘက်တွင် ထိုင်နေသော သမီးဖြစ်သူအစောကို မျက်နှာတည်စွာလှည့်ကြည့်လိုက်သည်။အစောက ဖြူသွယ်သော ပေါင်တံတွေပေါ်အောင် ခြေချိတ်ထိုင်နေပြီး စားပွဲပေါ် မေးထောက်တင်ကာ တစ်ဖက်က ကော်ဖီရောင် ဆံနွယ်ရှည်ကို လက်ညိုးဖြင့် ရစ်ပတ်ကာ ဆော့ကစားနေသည်။
"သမီး!.."
"ရှင်...Daddy "
အစောက ထူးသာထူးသည် ဖခင်ဖြစ်သူ၏ မျက်နှာကိုတော့ တစ်စက်ကလေးမျှမကြည့် လုပ်ချင်ရာလုပ်နေသည်။ ကိုယ့်သမီးဖြစ်သူရဲ့ အကြောင်းကို ကောင်းကောင်းကြီးသိတဲ့ ဦးစောမျိုးထွန်းက ချစ်လွန်းလို့ အလိုလိုက်တတ်သူ ဆိုပေမယ့် ရံဖန်ရံခါမှာတော့ အစောပေါ် သူ့ဩဇာလွှမ်းမိုးနိုင်မှု ရှိနေတတ်သည်။

YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...