Part-29

1.8K 52 0
                                    

(Unicode)

မာနလေးရဲ့ ကိုယ်ရံတော်   (အပိုင်း ၂၉)
                                           
            အချိန်အားဖြင့် နံနက်ကိုးနာရီခန့်ရှိပြီဖြစ်သည်...။
             ပုလဲရောင်ညအိပ်ဂါဝန်လေးနှင့် မိန်းကလေးတစ်ဦးမှာ ဆံပင်တွေလေပေါ် ဝဲခါနေသည်အထိ ဖိနပ်မပါပဲ ခြေဗလာဖြင့် ပြေးလွှားနေကာ ဟိုဝင်သည်ထွက်ဖြင့် တစ်စုံတစ်ရာကို သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေဟန်ရှိသည်..။
            မိန်းကလေးမှာ နှုတ်မှတစ်စုံတစ်ရာကို တစ်ဖွဖွရွတ်ခေါ်နေပြီး မျက်နှာလေးမှာလည်း စိုးထိတ်ပူဆွေးမှုတို့က အထင်းသားပေါ်လွင်လျက်ရှိနေလေသည်...။
              ထိုမိန်းကလေးမှာ အခြားသူမဟုတ် အစောသာဖြစ်လေသည်...။

  "ကိုဇိုင်း...ကိုဇိုင်း!!..."

         အစောတစ်ယောက် ဇိုင်းကို သည်းကြီးမဲကြီးရှာနေပြီး မျက်နှာလေးမှာလည်း စိုးထိတ်မှုတို့နှင့်ပြည့်နက်လို့နေလေသည်။ ဇိုင်းကို အိမ်ထဲမှာ မတွေ့သဖြင့် ဂိုထောင်ဖက်က အိပ်ခန်းဆီသွားကြည့်တော့လည်း မရှိ...
           တွေ့ချင်လွန်းလှသည့် သူကို မတွေ့ရ၍ အစောခမျာ မျက်ရည်တွေဝဲလာကာ ငိုချင်လာသည်။ ရင်တစ်ခုလုံးဟာလည်း မက်ခဲ့သည့် အိပ်မက်ဆိုးကြောင့် ဟာတာတာဖြင့် စူးနင့်ပူလောင်နေရပြီး တကယ်မဟုတ်သည့် ထိုအိပ်မက်တွေအပေါ်မှာ စိတ်တို့ဟာလည်း ကယောင်ချောက်ချားဖြင့် ဆောက်တည်ရာမဲ့လို့နေလေသည်။
              မြင်ကွင်းတွေဟာ တဖြည်းဖြည်း လျှံထွက်လာတဲ့ မျက်ရည်တွေကြောင့် ဝေဝါးနေပြီး လှမ်းနေတဲ့ ခြေလှမ်းတွေဟာလည်း ရှေ့ဆက်မတိုးနိုင်တော့ပဲ ထိုနေရာတွင်သာ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်...။
             ထိုစဉ်တိုက်ဆိုင်စွာ အိမ်နောက်ဖေးတွင် ရေပိုက်ချေးပိတ်နေ၍ ပြင်ပြီးပြန်ထွက်လာသည့် ဇိုင်း ...
               အစော မြက်ခင်းပြင်ပေါ်မှာ ငေးငိုင်မှိုင်ထွေစွာဖြင့် ပုံပုံလေးထိုင်နေသည်ကို မြင်လျှင် စိုးရိမ်စွာ အနားသို့ ပြေးလာခဲ့ပြီး မုဆိုးဒူးထောက်လေး ထိုင်လိုက်သည်...။

            "အစော...အစော ဘာဖြစ်လို့လဲ..."
      
          ပခုံးလေးနှစ်ဖက်ကို ကိုင်လျက် မေးလာသည့် သူ့ကို အစော မော့ကြည့်မိရာ...
       မျက်နှာလှလှလေးဟာ မျက်ရည်တွေအပြည့်နဲ့...

မာနလေးရဲ့ကိုယ်ရံတော်Where stories live. Discover now