(Unicode)
(အပိုင်း ၃၄)
"ဗျာ!...."
"ဟုတ်တယ်...ရှီတို..၊ငါဒီကိစ္စ အမှန်ကို မင်း မြန်မာနိုင်ငံကို ထွက်သွားပြီး ၂ပတ်အကြာမှ သိခဲ့ရတာ...၊ငါတို့ဆီ ပို့လာခဲ့တဲ့ စစ်ဆေးချက်အတုမှာ အချက်နှစ်ချက်ကို ဖျောက်ထားခဲ့တယ်...၊အဲဒါက ဘာလဲဆိုတော့
မိုမိုရဲ့ စစ်ဆေးချက် အဖြေအစစ်မှာ ဖော်ပြထားတာက ရင်သားတစ်ဝိုက်နဲ့ ဗိုက်သားအနီးတစ်ဝိုက်တွေမှာ အညိုအမဲဆွဲဒဏ်ရာရှိနေခြင်း နဲ့ သားအိမ်ထဲမှာ သုတ်ပိုးတွေ့ရှိခြင်းတဲ့...၊""ဟာ..ဆရာ!!....ဒါ...ဒါ..မဖြစ်နိုင်တာ..၊ဒါလုံးဝ မဖြစ်နိုင်တာပဲ...၊အဟင်း...ဒီလို လုံးဝမဖြစ်နိုင်ပါဘူးဆရာ...၊ဆရာ စစ်ဆေးချက်အဖြေကို အမြင်မှားတာပဲ ဖြစ်ပါလိမ့်မယ်...၊ကျွန်တော်ကတော့ အဲကိစ္စကို လုံးဝမယုံဘူး...၊ယုံကြည်လို့လဲ မရဘူးဆရာ..."
"အင်း....၊မင်းမယုံကြည်နိုင်တာ ခက်သားပဲ...ရှီတို..၊တကယ်လို့ ငါ့လက်ထဲမှာသာ မင်းကို လက်ဆုပ်လက်ကိုင်နဲ့ ပြနိုင်ဖို့ အဲစစ်ဆေးချက် အဖြေစာရွက်သာ ရှိနေဦးမယ်ဆို သိပ်ကောင်းမယ်...၊ဒီအမှုနောက်ကွယ်မှာ လိုက်ပြီး ထိန်းချုပ်ဖုံးဖိနေတဲ့ အာဏာရှိ အကောင်ကြီးကြီးတစ်ကောင်ဟာ သေချာပေါက်ရှိနေတယ်....၊
ဘာလို့ဆို မိုမို့ အမှုမှာ တရားခံအစစ်မဟုတ်ပဲ လူစားထိုး ဝန်ခံခဲ့တာကို ငါသိနေတယ်..။ဒါက သိသာတဲ့အချက်တွေလည်း ရှိနေတာကိုး..။ဒါကြောင့် ငါ အဲ့လူဟာ တရားခံအစစ်မဟုတ်ကြောင်းကို အတည်ပြုငြင်းဆိုဖို့ သက်သေအထောက်ထားတွေ စုထားခဲ့တယ် ..၊တင်ပြခဲ့တယ်။ဒါပေမယ့် ငါ့တင်ပြချက်ကို ဘယ်သူကမှ လက်မခံကြဘူး..။နောက်ဆုံးတော့ အဲအစားထိုး ဝန်ခံတဲ့သူကိုပဲ တရားခံအစစ်လို့ သက်မှတ်ပြီး စီရင်ချက်ချခဲ့ကြတယ်...၊ထူးဆန်းတာက စီရင်ချက်ချပြီးတဲ့နေ့မှာပဲ မိုမို့အမှုနဲ့ ပတ်သက်တဲ့ စစ်တမ်းဖိုင်တွေအားလုံး hackခံလိုက်ရတယ်...။နောက်ပြီး အဲနေ့ညမှာပဲ မိုမို့ အလောင်း စစ်ဆေးချက် အဖြေအစစ် စာရွက် နဲ့ အတူ ငါ သက်သေရှာဖွေထားတဲ့ အခြားစာရွက်စာတမ်းတွေကိုပါ တစ်ခုမကျန်အကုန် ခိုးခံလိုက်ရတယ်....၊"
•• •• ••
'ဟား... မိုမို့သေဆုံးမှုနဲ့ ဝန်ကြီးတာရိုက ပတ်သက်နေလိမ့်မယ်လို့...ငါ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး...၊ယုံတောင် မယုံနိုင်ဘူး...၊ အခုတော့ တရားခံအစစ်က ငါ သက်တော်စောင့် လုပ်ပေးခဲ့ဖူးတဲ့ ဝန်ကြီးချုပ်တာရိုတဲ့လား....'
YOU ARE READING
မာနလေးရဲ့ကိုယ်ရံတော်
Romanceမြန်မာပြည် မိဘမဲ့ဂေဟာတစ်ခုကနေ ဂျပန်မှာမွေးစားခြင်းခံလိုက်ရတဲ့ ရှီတို (ခေါ်) ဇိုင်းခန့်က ဂျပန်နိုင်ငံ Omega မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်နေ့မှာ အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တိုင်းဝန်ကြီးချုပ်ရဲ့သမီး စောဧကရီနွယ်ကို ၂နှစ်...