ဝမ်ရိပေါ်က သူ့ကို တကယ်အပြင်မထွက်စေချင်တာဖြစ်တယ်။ အဲ့တော့ ခေါက်ဆွဲကြော်စားပြီးတဲ့အခါ အပြင်ထွက်ဖို့ကိစ္စအကြောင်း လုံးဝ မပြောတော့ဘူး။
"မင်း ဒီနေ့ နေ့လယ်စာ အများကြီးစားနိုင်တာပဲ..."
သူ နေ့လယ်စာကို မစားဖြစ်တာများတယ်။ သူ နာလန်ထူပြီးနောက်မှာ ဝမ်ရိပေါ်ဟာ သူအပြင်မထွက်ခင် ရှောင်းကျန့်အတွက် နေ့လယ်စာ ဘယ်လိုကျွေးရမလဲလို့ အခက်တွေ့ခဲ့ရတယ်။ ရှောင်းကျန့်က ခေါင်းခါတယ်။
"ကြည့်ရတာ ငါ တခုခုလုပ်ထားလို့ နေမယ်။ နေ့လယ်ပိုင်းမှာလုပ်ထားတာဆိုတော့ အခုဗိုက်ဆာနေပြီ။ ဒါပေမဲ့ နေ့လယ်စာကိုတော့ တကယ် မဆာတာ"
ဟုတ်ပါ့မလား။ ဝမ်ရိပေါ်က ခဏလောက် တွေဝေနေတယ်။ သူ မျက်မှောင်ကြုတ်တာကို ရှောင်းကျန့်က မြင်လိုက်ရတဲ့အခါ ချက်ချင်းတခြားစကားကို လွှဲပြောလိုက်တယ်။
"မင်း ဒီနေ့ရော ပခုံးနာသေးလား။ အဖျားရော ရှိသေးလား?"
ဝမ်ရိပေါ်က ခေါင်းခါပြတယ်။ သူ့ပုံစံက အနည်းငယ် ချွေးပြန်နေတယ်။ သူ့ရဲ့ ပါးလွှာတဲ့အင်္ကျီအောက်မှာ လက်မောင်းကြွက်သားတချို့နဲ့အတူ ပခုံးကြွက်သားတွေ အမြှောင်းလိုက်ထွက်နေတာကို တွေ့ရတယ်။ အရည်အသွေးညံ့တဲ့အဝတ်အစားဟာ သူ့ရဲ့ကြွက်သားတွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခြင်းမရှိဘူး။ သူ့ရဲ့ချွန်မြတဲ့လည်စေ့မှာ ချွေးတွေ သီးနေပြီး လည်ပင်းတလျှောက် စီးကျသွားတယ်။
"ငါ မဖျားပါဘူးဆို"
"အင်းပါ"
ရှောင်းကျန့်က မျက်နှာလွှဲပြီးတာနဲ့ ခပ်ဝေးဝေးကိုလျှောက်သွားလိုက်တော့တယ်။
"မင်း ရေအရင်ချိုး"
ဝမ်ရိပေါ်က သူ့ကို ရေချိုးခိုင်းတယ်။
ရှောင်းကျန့်က အမြဲတမ်း အရင်ရေချိုးတဲ့လူဖြစ်တယ်။ သူတို့အဝတ်တွေကို သပ်သပ်စီလျှော်တယ်။ ဒါဟာ ရှောင်းကျန့် နာလန်ထူပြီးနောက်ပိုင်း အဲ့လိုနေလာခဲ့တာဖြစ်တယ်။ သူ ဒီမှာ ပထမဆုံး စ, နေတုန်းကဆို အချိန်တော်တော်များများမှာ သတိမေ့နေတတ်တယ်။ ကြည့်ရတာ ဒီနေ့မှာ သူ အပြင်ထွက်ပြီး လူတွေ အများကြီးနဲ့ တွေ့ထားခဲ့ရလို့ထင်တယ်။ သူ့ခေါင်းက ခါတိုင်းထက် ပိုကြည်နေခဲ့တယ်။ ရှောင်းကျန့်စိတ်ထဲ အခုမှ ဒဏ်ရာက အရှင်းပျောက်သလို ခံစားချက်မျိုး ခံစားနေရတယ်။ အရင် သူ ကျန်းမာရေး သေချာမကောင်းတုန်းကဆို ပါးစပ်နဲ့ မပြောသာတဲ့ကိစ္စတွေကအစ ဝမ်ရိပေါ်က လုပ်ပေးခဲ့တာဖြစ်တယ်။ အဝတ်လျှော်တာ၊ ရေပတ်တိုက်ပေးတာတွေဆို ပြောနေစရာတောင် မလိုဘူးပေါ့။

YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY