Chapter 28 - ကန့်သတ်ချက်မရှိ၊ ခြွင်းချက်မရှိ

3.5K 296 26
                                    

နန်ကျိုးရဲ့ ဖေဖော်ဝါရီလဖြစ်တယ်။ နွေဦးရာသီအစပိုင်းဆိုပေမဲ့ နွေဦးရာသီကို ပြည့်ပြည့်ဝဝ မခံစားရသေးဘူး။ ဒါပေမဲ့ အရမ်းအေးပြီး စိုစွတ်တယ်။ အပူပေးစက် ဖွင့်ထားပေမဲ့ ရှောင်းကျန့်က ပူမှာလည်း ကြောက်တယ်။ သူ တခါတလေမှာ စောင်ထူထူပတ်ခြုံပြီး အိပ်ပျော်သွားတတ်တယ်။ ဆိုပေမဲ့ သူ အိပ်ရင် နည်းနည်းကြမ်းတယ်။ ညဆိုရင် အမြဲတမ်း စောင်ကို ကန်ချတတ်တယ်။

အဲ့ဒီ့ညမှာ သူ စိုစွတ်တဲ့လေထုအောက် ချွေးပြန်နေတယ်။ ကြွက်သားတွေနဲ့ သန်မာတဲ့လူဟာ သူ့အနောက်ကနေ သူ့ကို တင်းတင်းဖက်ထားတယ်။ လွတ်ထွက်သွားနိုင်ခြင်းမရှိ၊ လွတ်မြောက်သွားနိုင်ခြင်းမရှိ။ သူ စောင်ကိုတောင် ကန်မထုတ်ဖြစ်ဘူး။ သန်မာပြီး ရှည်လျားတဲ့ခြေတံတွေဟာ သူ့ဒူးကနေ ခွဖက်ထားတယ်။ နှစ်ယောက်ရဲ့ခြေနှစ်စုံဟာ မြွေတွေလို ယှက်နွယ်နေပြီး စောင်အောက်မှာ ပုံစံအမျိုးမျိုး ပြောင်းနေတယ်။

အိပ်ပျော်သွားတာ အကြာကြီးပဲ။ သူ ချွေးတွေထွက်လာတာများ နဖူးပြင်တွေတောင် အေးစက်လာတဲ့အထိ။ ရှောင်းကျန့် သူ့မျက်လုံးကို ဖွင့်လိုက်တယ်။ သူ နဖူးကို သပ်ချချင်ပေမဲ့ လုပ်လို့မရဘူး။ ဝမ်ရိပေါ်ဟာ သူ့ကျောပေါ်ကနေ တကိုယ်လုံးနီးပါး သူ့ပေါ် ဖိထားပြီး လက်တဖက်ကို ဆုပ်ကိုင်ထားတယ်။ တခြားလက်တဖက်ဟာ ခေါင်းအုံးအဖြစ် သူ့လည်ပင်းအောက်ကနေ ပတ်ထားပြီး ရင်ဘတ်ပေါ်မှာ ဝိုက်ဖက်ထားတယ်။ သူ့လက်တွေမှာ လက်ထိပ်တွေ ရှိနေတုန်းပဲ။ အဲ့ဒီ့နွားပျိုလေးရဲ့ နှင်းလိုဖြူဖွေးတဲ့အသားပေါ်မှာ အနီရောင်အမှတ်အသားတွေ ရှိနေတယ်။

ရှောင်းကျန့် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး မနေ့ညက ကိစ္စတွေအကြောင်း ပြန်စဉ်းစားတယ်။ တခုချင်းစီကို အသေးစိတ် သူ မှတ်မိတယ်။ ဒါကို "အရက်မူးလို့ လုပ်တယ်"လို့ ပြောလို့မရဘူး။ ဆိုပေမဲ့ သူ့အာရုံထဲမှာတော့ ရှုပ်ထွေးနေတုန်းပဲ။ သူ မျက်နှာကို ဖုံးကာလိုက်ရင်း "ကစားပွဲအကြီးကြီး"ကစားမိတဲ့အကြောင်းကို တွေးနေမိတယ်။

အဲ့ဒါကြီးက ကြီးတယ်ဆိုရုံတင်မဟုတ်ဘူး။ အရမ်းအရမ်းကို ကြီးတယ်။ ဝမ်ရိပေါ်ရဲ့အရာဟာ သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းပဲ။ အခုထိ မထွက်သေးဘူး။

Cold Fire ||Completed||Where stories live. Discover now