"ရိပေါ် ရိပေါ်?"
ရှောင်းကျန့်က အခန်းဘဲလ်ကို တီးတယ်။ အခန်းတံခါးကို ၃-၄ ကြိမ်လောက် ခေါက်တဲ့အထိ ဘယ်သူမှ တံခါးဖွင့်မလာသေးဘူး။ သူအနောက်ကိုလှည့်လို့ လျောင်ရင်းကို ကြည့်လိုက်တယ်။ လျောင်ရင်းဟာ အင်္ကျီအပေါ်ထပ် ခါးတိုဝတ်ထားပြီး ဘောင်းဘီတိုနဲ့အတူ ဖိနပ်ပါးကို စီးထားတယ်။ သူမက မေးတယ်။
"မနိုးသေးတာလား?"
ကောင်မလေးဟာ သူမရဲ့လက်ကိုလှမ်းလို့ အားမရှိသလိုမျိုး ရှောင်းကျန့်ရဲ့ကျောပေါ် မှီထားတယ်။
"ကိုကိုရဲ့ ရည်းစားနဲ့တွေ့တဲ့လူတွေပဲ နောက်ကျမှ အိပ်ရာထတာလေ။ အဲ့ဒီ့ရှောင်ကောက အောက်ထပ်ကို မနက်စာစားဖို့ ဆင်းသွားပြီနေမှာ"
လျောင်ရင်းက ကွမ်ကျိုးမြို့သူဖြစ်ပြီး သူမက မန်ဒရင်စကားကို ပီပီသသပြောတတ်တယ်။ ငယ်ရွယ်ပြီး တဦးတည်းသောသမီးဖြစ်တဲ့အခါ သူမရဲ့အဖေဟာ သူမရဲ့ဆိုးနွဲ့မှုတွေကို ရှောင်းကျန့်လက်ထဲ စိတ်ချလက်ချ အပ်နှံထားတယ်။
"သူ့မှာ ဖုန်းမရှိဘူး။ တခြားလူလည်း မရှာတတ်ဘူး။ ကြည့်ရတာ သူ့ဖို့ ငါ ဝယ်ပေးမှဖြစ်တော့မယ်ထင်တယ်"
လျောင်ရင်းက သူ့အနောက်မှာ ခုန်ဆွခုန်ဆွ လုပ်နေတယ်။
"Wow ငါ့ရဲ့ ရှောင်းလူကြီးမင်းက သက်တော်စောင့်အပေါ်မှာ အရမ်းကောင်းတာပဲ။ ဒါကြောင့်လည်း သူ့ကောင်မလေးက သူ့ကိုချစ်တာ!"
သူမဟာ အသားချင်းမထိရရင် မနေနိုင်တဲ့ရောဂါ ခံစားနေရတာထင်တယ်။ ရှောင်းကျန့်က သူမကို တွဲရင်တွဲထား၊ မတွဲထားရင် သူမက ရှောင်းကျန့်အပေါ် ချိတ်တွယ်ပြီး မှီခိုနေတတ်တယ်။ မတ်တပ်ကောင်းကောင်း ရပ်ထားတာမဟုတ်တဲ့အခါ ရှောင်းကျန့်က သူမခါးကို ဖက်ပေးထားရတာမို့ ရင်ဘတ်က နှင်းလိုဖြူဆွတ်တဲ့နေရာဟာ အပေါ်ထပ်ခါးတိုအင်္ကျီအောက်မှာ ပွင့်ဟနေတယ်။ ရှောင်းကျန့်ရဲ့ လက်က အဲ့နေရာကို ရောက်နေပြီး နှစ်ယောက်သားဟာ အရမ်းကိုနီးနီးကပ်ကပ် ရှိနေတယ်။
လျောင်ရင်းရဲ့လည်တိုင်မှာ နီလာဆွဲကြိုး ဆွဲထားပြီး အဲ့ဒါဟာ ရှောင်းကျန့် ဝယ်ပေးထားတဲ့လက်ဆောင်တွေထဲက တခုဖြစ်တယ်။
YOU ARE READING
Cold Fire ||Completed||
Фанфикшн"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
