Chapter 26 - ပြင်းပြတဲ့စိတ်ဆန္ဒတွေ

3.7K 370 51
                                        

ရှောင်းကျန့်ရဲ့မျက်နှာဟာ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ မျက်နှာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဝမ်ရိပေါ်ရဲ့အသက် ၁၆ နှစ်ထိ၊ သူဟာ ခပ်တုံးတုံးအအလူတွေရဲ့မျက်နှာတွေနဲ့ နေသားကျခဲ့တယ်။ အဲ့ဒီ့လူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ ဆင်းရဲမှုကြောင့် တုံးအနေခဲ့တယ်။ လူတော်တော်များများဟာ ဆင်းရဲမွဲတေမှုအောက် သေသွားခဲ့တာထက်စာရင် သူတို့အသိုက်ထဲက ရဲရဲတင်းတင်း ထွက်လာပြီး အပြင်လောကကို ကြည့်လိုတဲ့ဆန္ဒရှိကြတယ်။ ပြောရမယ်ဆိုရင် သူတို့တွေဟာလည်း သူများရဲ့နာကျင်မှုကို အလေးမထားတတ်ကြဘူး။ မိန်းမတွေရဲ့ခန္ဓာကိုယ်ကို ဓါးပြတိုက်တယ်။ တခြားဓါးပြတွေထက်တောင် ပိုရက်စက်တတ်ကြပြီး နွားသိုးတွေလို မိတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်သူမှ လူသတ်သမားပါ၊ မုဒိန်းကောင်ပါလို့ စွပ်စွဲပြောဆိုမနေဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘဝတွေက တန်ဖိုးမရှိလို့ပါပဲ။

နောက်ပိုင်းမှာ သူ ရှောင်းကျန့်နဲ့ တွေ့ဆုံခဲ့တယ်။ သူက ရွှံ့ညွန်ထဲမှာ၊ ရှောင်းကျန့်ကတော့ ကောင်းကင်ပေါ်မှာ။

ရှောင်းကျန့်က ချမ်းသာတယ်။ ချမ်းသာတဲ့လူတွေဟာ ဘဝကို ပိုပျော်ကြတယ်။ ရှောင်းကျန့်က မပွေရှုပ်ချင်ပေမဲ့ သူ ပွေရှုပ်ချင်ရင် ပွေရှုပ်လို့ရတယ်။ ရှောင်းကျန့်ဟာ ကွဲပြားခြားနားတဲ့နိုင်ငံတွေရဲ့ စီးပွားရေးကိစ္စတွေနဲ့ မွေ့လျော်တယ်။ သူ ပထမဆုံး ရဟတ်ယာဉ်စီးတဲ့အချိန်၊ သူ ပထမဆုံး skydiving လုပ်တဲ့အချိန်၊ သူ ပထမဆုံး ကာစီနိုကစားဝိုင်းထဲ ဝင်တဲ့အချိန်၊ ပြီးတော့ သူ ပထမဆုံး ဂေါ့ဖ်ကစားတဲ့အချိန်၊ အချိန်တိုင်းမှာ သူ ရှောင်းကျန့်နောက်ကို လိုက်ခဲ့တယ်။ ချမ်းသာတဲ့လူတွေဟာ တိတ်တိတ်လေး အနိုင်ယူပြီး တဖက်လူရဲ့ ရှုံးနိမ့်မှုကို ပျော်ရွှင်မှု အပြည့်အဝနဲ့ ရှုစားတယ်။ သူတို့ စိတ်သဘောကျ ရယ်မောကျပြီး သူတို့ စိတ်သဘောကျ ဆူဆဲကြတယ်။ သူတို့ထဲမှာ ရှောင်းကျန့်ကတော့ အယဉ်ကျေးဆုံးပေါ့။

တကယ်တော့ ရှောင်းကျန့်က အရမ်းကို အသိဉာဏ်ပြည့်ဝသူဖြစ်တယ်။ တိတိကျကျ ပြောရရင် သူက ဘဝမှာ မတရားမှုဆိုတာကို သိပ်မကြုံတွေ့ခဲ့ရဘူး။ တဖက်လူကို ငြင်းဆိုဖြစ်တယ်ဆိုတာ ရှားတယ်။ ပေါ်ပေါ်တင်တင် ရန်ဖြစ်တယ်ဆိုတာ လုံးဝမရှိဘူး။ ဒါပေမဲ့ ရှောင်းကျန့်လိုလူမှာလည်း စိတ်ကောက်တတ်တာ၊ စိတ်မထိန်းနိုင်တာနဲ့ စိတ်ဆိုးတတ်တာတွေကို မြင်လိုက်ရတဲ့အခါ ဝမ်ရိပေါ်မှာ နည်းနည်းအံ့ဩခဲ့ရတယ်။

Cold Fire ||Completed||Where stories live. Discover now