ပေါက်ပေါက်ဖောက်တာပဲဖြစ်ဖြစ်၊ အမှတ်တရတွေကို ပွစိပွစိ ပြောတာပဲဖြစ်ဖြစ်၊ တယောက်က ပြောပြီး တယောက်က နားထောင်တယ်။ တယောက်က အရမ်းစိတ်ဝင်တစားဖြစ်နေပြီး တယောက်က ပျင်းနေတယ်။ စကားတွေပြောပြီးတဲ့အခါ စကားပြန်မလာဘူး။
ရှောင်းကျန့်က ဆန်ပြုတ်တပန်းကန်လုံးကို အကုန်စားပစ်လိုက်တယ်။ ဆန်ပြုတ်တဝက်လောက် ကျန်တဲ့အချိန်ကတည်းက သူ စကားမပြောတော့တာဖြစ်တယ်။ သူ့စိတ်ထဲ ဝမ်ရိပေါ်က အတွေးများနေသလို ခံစားနေရတယ်။ သူသိထားတာတွေ သူ့ကို ပြောမပြချင်သေးပုံပဲ။ သူ ပြောပြခဲ့ရင်တောင် "မင်းကို ချစ်တယ်"ဆိုတာနဲ့ "မင်းကို သဘောကျတယ်"ဆိုတာတွေတော့ ပြောလာမှာမဟုတ်ဘူး။
ဝမ်ရိပေါ် မယုံဘူး။ ရှောင်းကျန့်ဟာ အရင်တုန်းက ဘယ်လောက်တောင် ဆိုးဝါးခဲ့လဲ သူ မသိသေးလို့။ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုနဲ့ ယုံကြည်မှုတွေကို ခိုးယူသွားခဲ့သူပေါ့။
သူ့ရဲ့အတိတ်ကို သူမုန်းတယ်။ ပြီးတော့ မနာလိုလည်း ဖြစ်မိတယ်။ အဲ့ဒီ့အတိတ်ကလူဟာ ဝမ်ရိပေါ်ကို တွေဝေမှုန်မှိုင်း သွားစေခဲ့ပြီး သူ ဂရုစိုက်တဲ့ဘက်ခြမ်းကိုလည်း ပြသခဲ့တယ်။ အဲ့ဒီ့ရှောင်းကျန့်ဟာ အခုရှောင်းကျန့်ရဲ့စိတ်ဝိဉာဉ်အလင်းရောင်ပေါ်ကို ဖုံးအုပ်လို့ သူ့ရဲ့စိတ်ရင်းကို တိမ်ဖုံးစေခဲ့တယ်။ ဝမ်ရိပေါ် မကြည့်ချင်တော့ဘူး။
"ခဏအိပ်လိုက်ဦး"
ဝမ်ရိပေါ်က မတ်တပ်ရပ်လို့ ဆန်ပြုတ်ဘူးကို ပလပ်စတစ်အိတ်ထဲထည့်ပြီး ကြိုးချည်လိုက်တယ်။
"မင်းကရော?"
"ငါ အပြင်ခဏထွက်မလို့"
"ကျောက်တုံးစက်ရုံကိုလား?"
အချိန်ကို ကြည့်တဲ့အခါ အဲ့စက်ရုံအလုပ်ကို ဝင်တဲ့အချိန် ရောက်နေပြီဖြစ်တယ်။
ဝမ်ရိပေါ်က သူ့ကို ခပ်စူးစူး တချက်ကြည့်တယ်။
"ငါတို့အကြွေးပေးဖို့ ဘယ်လောက်ကျန်သေးလဲ?"
ရှောင်းကျန့်က ခေါင်းအုံးပေါ်ကို လှဲချလိုက်တယ်။ သူ အရှုပ်တွေ မလုပ်တော့ဘူး။ သူ ခဏလောက် ကောင်းကောင်းအိပ်ချင်တယ်။ ဒါပေမဲ့ ဝမ်ရိပေါ်က အဖြစ်အပျက်တွေကို သေချာရှင်းမပြတော့ သူ့မှာ အိပ်မပျော်နိုင်ဘူး။
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
