Chapter 11 - မီးရှူးမီးပန်း

3.8K 303 27
                                    

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ဝမ်ရိပေါ် အိမ်ပြန်နောက်ကျနေတယ်။ အထူးသဖြင့် ဒီနေ့ ပိုနောက်ကျတယ်။ ရှောင်းကျန့်ဟာ ပြတင်းအပြင်ကို ငေးရင်း အချိန်တွေ ဘယ်လောက်ကြာသွားတယ်မသိရတဲ့အထိ ငေးမောနေတတ်တယ်။ တခါတလေမှာ သူ့ကိုယ်သူ တုံးအသလိုမျိုး ရယ်မိတယ်။

အောက်တိုဘာလဟာ ဇူလိုင်နဲ့ ဩဂတ်စ်လတွေထက် စောစောမိုးချုပ်တတ်တယ်။ နေ့ဘက်မှာ အောက်ထပ်လမ်းကြားလေးကို မြင်ရရုံသာရှိပြီး ညနေဘက်မှာဆိုရင် လုံးဝကို မမြင်ရတော့ဘူး။

"ရှောင်းကျန့်"

တစုံတယောက်က သူ့ကို အပြင်ကနေ ခေါ်လာတယ်။ ရှောင်းကျန့်ဟာ တံခါးရှိရာဆီ ခြေ ၂ လှမ်းတည်း ပြေးသွားပြီး တံခါးဖွင့်လိုက်တယ်။ ဝမ်ရိပေါ်က အပြောင်းအလဲအနေနဲ့ အိမ်တံခါး သော့မဖွင့်ဘဲ အပြင်ကနေ သူ့နာမည်ခေါ်တာကို သူ သဘောကျတယ်။ ဒါဟာ နှစ်ယောက်အတူတူနေတဲ့ စုံတွဲတွေနဲ့တူတယ်လို့ သူ့ကို ခံစားရမိစေတယ်။

"မင်း ပြန်လာပြီ"

ရှောင်းကျန့်က အပြုံးလေးနဲ့ပြောတယ်။

"အယ် ဒါက ဘာတွေလဲ"

"မင်း သယ်စရာမလိုဘူး"

ဝမ်ရိပေါ်က အထဲဝင်လာပြီး တံခါးကို ပိတ်လိုက်တယ်။ သေတ္တာပုံးကို အောက်ချလိုက်တဲ့အခါ ပုံးပေါ်မှာ အစီအရီထပ်ထားတဲ့ အစားအသောက်ဘူးတွေ ရှိနေတယ်။

"ဗိုက်ဆာနေပြီလား။ မင်းကို အကြာကြီးစောင့်စေမိပြီ"

မဆာပါဘူး။ အခုချိန်မှာ ရှောင်းကျန့်ရဲ့နေ့လယ်စာကို အားချင်းက လာပို့ပေးတယ်။ ဝမ်ရိပေါ်မှာ တော်တော်စိတ်အေးသွားတယ်။ အဲ့ကလေးမလေးက သူ့အခန်းဖော်တွေနဲ့ သိပ်မတည့်ဘူးဆိုတော့ နေ့ဘက်မှာ ရှောင်းကျန့်ကိုလာပြီး အဖော်ပြုပေးတဲ့အခါ ဘယ်သူမှ အထီးမကျန်တော့ဘူးပေါ့။

ဝမ်ရိပေါ်က ရေချိုးမယ်ပြင်တဲ့အချိန်မှာ ရှောင်းကျန့်က တားတယ်။

"တခြား ဘာတွေကိုများ ဂရုစိုက်နေသေးတာလဲ? အဲ့လောက် မလေးပါဘူး။ ထမင်း မြန်မြန်စားကြမယ်။ ငါက အားချင်းရဲ့စောင့်ကြည့်မှုအောက်မှာ ရှိပါတယ်။ မင်းသာ ငွေစုဖို့အတွက်ဆိုပြီး ထမင်းမစားဘဲနေမှာကို ငါကြောက်တာ"

Cold Fire ||Completed||Where stories live. Discover now