အသားအရည်ထိန်းသိမ်းရာမှာ ထိပ်တန်းကျွမ်းကျင်သူဖြစ်တဲ့ ရှောင်းလူကြီးမင်းဟာ လတ်တလောမှာ သူ့မျက်လုံးတဝိုက်က ပျက်စီးနေတဲ့အသားအရည်ကို ထိန်းသိမ်းနည်းအကြောင်းပြချက်တွေ ရှာတွေ့ထားတယ်။ သူ ညတိုင်း မျက်ရည်တွေနဲ့ အိပ်ပျော်သွားလေ့ရှိတာမို့ မနက်နိုးလာတဲ့အခါ မျက်ဝန်းတဝိုက်ကို မို့ဖောင်းနေစေတယ်။
မျက်ရည်တွေနဲ့ အိပ်ပျော်ရတာ ဘယ်လိုခံစားချက်မျိုးလဲ? မငိုဖြစ်တဲ့အခါ နှလုံးသားထဲမှာ အမြဲနာကျင်နေရပြီး နှာခေါင်းထဲမှာ ကျဉ်တက်နေတဲ့ခံစားမှုနဲ့အတူ နှလုံးသားထဲမှာ မျက်လုံးရဲ့စိုစွတ်မှုတွေ ကျန်ရှိနေခဲ့တယ်။ အခု သူဟာ အဲ့လိုအခြေအနေဖြစ်နေတယ်။ ဝမ်ရိပေါ်ရဲ့စကားတွေကို နားထောင်ပြီးတဲ့နောက်မှာ သူ မျက်ရည်တွေနဲ့ ကွေးကွေးလေးလုပ်ရင်း အိပ်ပျော်သွားခဲ့တယ်။
အကြာကြီး ကြာသွားပြီး FM85.8 ကနေ အနည်းဆုံး သီချင်း ၅ ပုဒ်လောက် ထုတ်လွှင့်ပြီးနောက်မှာတော့ သူ့မျက်ဝန်းထောင့်ထဲ စုနေခဲ့တဲ့ ခပ်ကြည်ကြည်အရာလေးက စီးကျသွားခဲ့တယ်။
မီးနီကို စောင့်ဖို့ ကားရပ်သွားတယ်။ အသားမာတွေတက်နေတဲ့ လက်ချောင်းတွေဟာ သူ့ပါးပေါ်ကို ဖွဖွပွတ်လို့ သူ့မျက်ရည်တွေကို ညင်ညင်သာသာ သုတ်ပေးသွားတယ်။
တယောက်တည်း သက်တောင့်သက်သာမရှိ အိပ်ရတာနဲ့စာရင် အများကြီး ပိုကောင်းတယ်။ ဝမ်ရိပေါ်က သူ့ကို စောင့်ကြည့်နေတာဖြစ်ရမယ်။ ရှောင်းကျန့်ဟာ သူ့လက်ကို အပေါ်မြှောက်လို့ ဝမ်ရိပေါ်ရဲ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်တယ်။ မိနစ်ဝက်လောက်အကြာမှာ သူဆုပ်ကိုင်ထားတဲ့လက်ဖဝါးက ပြန်ဆွဲယူသွားပြီး သူ့လက်ထဲက မလွတ်ခင် သူ့လက်ကို ဖွဖွလေး ပွတ်သပ်ပေးသွားခဲ့တယ်။
"ရှောင်းကျန့် ရှောင်းကျန့်?"
အနှိုးခံလိုက်ရတဲ့လူက မျက်လုံးကို အိပ်ချင်မူးတူး ဖွင့်လာတယ်။ သူ တကယ်အိပ်ပျော်သွားခဲ့တာဖြစ်တယ်။ သူ့မျက်လုံးရှေ့မှာ မှောင်မဲနေတယ်။ ကြည့်ရတာ မြေအောက်ကားပါကင်ရဲ့တနေရာရာမှာ ကားရပ်လိုက်ပုံရတယ်။
"အိမ်မပြန်ဘူးလား"
သူ ပင်ပန်းစွာ မျက်မှောင်ကြုတ်လိုက်တယ်။ ခဏလေးအိပ်ရတာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အိပ်ရေးပျက်မှုအတွက် မလုံလောက်သေးဘူး။ အခုချိန်မှာ သူ အမှိုက်ပုံတခုလိုဖွထားတဲ့ ဗီလာအိမ်ကို တကယ်လွမ်းတယ်။ ဘယ်လောက်ပဲ ရှုပ်ပွနေနေ၊ လူနှစ်ယောက်ရဲ့ အမှတ်တရတွေ ရှိတဲ့နေရာမို့ သူ့ကို လုံခြုံစေတယ်။
YOU ARE READING
Cold Fire ||Completed||
Fanfiction"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY
