Chapter 13 - ကောင်းကင်နဲ့ မြေကြီး

3.1K 318 54
                                    

"နင် ထနိုင်ရဲ့လား?"

ကျန်းရာဝမ်ရဲ့မျက်နှာပေါ်က ကူညီပေးလိုမှုဟာ အတုအယောင် မဖြစ်နိုင်ဘူး။ ရှောင်းကျန့် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မျက်နှာကို ချက်ချင်းပြန်ပြင်လိုက်ပြီး ခပ်ဖြည်းဖြည်း‌ ပြောလိုက်တယ်။

"မင်း အရင်ထွက်။ တံခါးပိတ်သွားခဲ့။ ပြီးမှ ဆက်ပြောကြမယ်"

ရှောင်းကျန့်ဟာ အိမ်သာအဖုံးပေါ်မှာ ထိုင်နေတယ်။ သူ့ရဲ့ အနည်းငယ်ကြီးတဲ့ ဆေးရုံအဝတ်အစားဟာ သူ့ရဲ့ ခပ်ရဲရဲလက်ကောက်ဝတ်တွေကို ဖုံးကွယ်ထားတယ်။ အဲ့တော့ သူက တဖက်လူကို ထွက်ခိုင်းတဲ့အမူအရာလုပ်တဲ့အချိန်မှာ အနည်းငယ် အားနည်းတဲ့အမူအရာ ပေါ်နေတယ်။ သူ ဒီလိုအခြေအနေထိ အားနည်းနေတာတောင် စည်းကမ်းချက်တွေ ထားနေဆဲဆိုတာ နည်းနည်းတော့ ရယ်ရတယ်။ ဒါပေမဲ့ ကျန်းရာဝမ်က ခဏလောက် တွေဝေပြီးတဲ့နောက် ရှောင်းကျန့်ပြောတဲ့အတိုင်း တံခါးပိတ် ထွက်သွားတော့တယ်။

ရှောင်းကျန့် မျက်လုံးကိုမှိတ်လို့ ခဏလောက် တွေးနေမိတယ်။ အဲ့ဒီ့နောက် သူ့အင်္ကျီကြယ်သီးတွေကို တလုံးချင်းစီ ဖြုတ်လိုက်တယ်။ သူ့ရင်ဘတ်ပေါ်က အနီရဲရဲအစက်တွေဟာ တောက်ပလွန်းနေတယ်။ ရှက်ဖို့ကောင်းလွန်းလို့ သူ့မှာ သူ့ရင်ဘတ်ကို ယောင်ယမ်းဖုံးကာမိတယ်။ ဒါပေမဲ့ သူ ခေါင်းမာမာနဲ့ သူ့ခန္ဓာကိုယ်ကို သူ ကြည့်မိတုန်းပဲ။ ပိန်တယ်။ ဖျော့တော့တယ်။ နီရဲပြီးရောင်ရမ်းနေတဲ့ ရင်ဘတ်။ ပြီးတော့ ဖုံးကွယ်ထားလို့မရတဲ့ ညှပ်ရိုးပေါ်က အမှတ်အသားတွေ။ သူ ရှေ့က မှန်ထဲမှာ သူ့ကျောကို ကြည့်ကြည့်တယ်။ သူ့ကျောဘက်ကလည်း အတူတူပဲ။ တနေရာမှ ကောင်းကောင်းမွန်မွန် ရှိနေတာမရှိဘူး။

သူ မှတ်မိသေးတယ်။ သူ သတိမလစ်ခင် ဒီအင်္ကျီ ဝတ်ထားခဲ့တာမဟုတ်ဘူး။ အဲ့ဒါကို ဘယ်သူက သူ့ကို ဆေးရုံအဝတ်အစားတွေ လဲပေးလိုက်တာလဲ? ဒီမေးခွန်းအတွက် အဖြေဟာ ကျန်းရာဝမ်ဆီမှာ ရှိနေမှာသေချာတယ်။

သူမက ဘာလို့ ဒီရောက်လာတာလဲ?

သူ ဆေးရုံအဝတ်အစားကို Suit အင်္ကျီလို သေချာသပ်သပ်ရပ်ရပ် ပြန်ပြင်ပြီးတဲ့အခါ ဆုံးဖြတ်ချက် ချလိုက်တယ်။ အခု သူဟာ အရင်ဘဝကို ပြန်ရောက်လာခဲ့ပြီဖြစ်တယ်။ ဒါတွေအကုန်လုံး သိတဲ့လူကို နှုတ်ပိတ်ထားရမယ်။

Cold Fire ||Completed||Where stories live. Discover now